နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
တောလည် 3:1 - မြန်မာ့စံမီသမ္မာကျမ်း သိနာတောင်ပေါ်၌ မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသောအချိန်ကာလတွင် အာရုန်နှင့်မောရှေတို့၏ဆွေစဉ်မျိုးဆက်များမှာ ဤသို့ဖြစ်၏။ Common Language Bible ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မောရှေအားဗျာဒိတ်ပေးတော်မူသည့်အချိန် အခါ၌ အာရုန်နှင့်မောရှေတို့၏မိသားစု စာရင်းမှာဤသို့တည်း။- Garrad Bible သိ နာ တောင် ၌ မော ရှေ အား ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ သည့် ကာ လ အာ ရုန် နှင့် မော ရှေ တို့ ဆွေ စဉ် မျိုး ဆက် အ တွင်း၊ Judson Bible ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊ |
နောဧ၏သား ရှေမ၊ ဟာမ၊ ယာဖက်တို့၏ဆွေစဉ်မျိုးဆက်မှာ ဤသို့ဖြစ်၏။ ရေလွှမ်းမိုးပြီးသည့်နောက် သူတို့တွင် သားသမီးများမွေးဖွားလာကြ၏။
ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူစဉ်အခါက ၎င်းတို့၏အတ္ထုပ္ပတ္တိကား ဤသို့ဖြစ်၏။ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူရာကာလတွင်
အာဒံ၏သားစဉ်မြေးဆက်စာရင်းမှာ ဤသို့ဖြစ်၏။ ဘုရားသခင်သည် လူကိုဖန်ဆင်းတော်မူသောနေ့၌ သူ့ကို ဘုရားသခင်နှင့်တစ်ပုံစံတည်းပြုလုပ်၍
လေဝိသားမြေးတို့၏ဆွေစဉ်မျိုးဆက်အမည်များကား ဂေရရှုန်၊ ကောဟတ်၊ မေရာရိ တို့ဖြစ်ကြ၏။ လေဝိအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
အာမရံသည် မိမိ၏အရီးယောခေဗက်နှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် အာရုန်နှင့်မောရှေ တို့ကိုမွေးဖွားပေး၏။ အာမရံအသက်ရှင်ခဲ့သောနှစ်ကာလမှာ တစ်ရာသုံးဆယ့်ခုနစ်နှစ်ဖြစ်၏။
အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်ထဲမှ ထွက်သွားခွင့်ပေးရန် အီဂျစ်ဘုရင်ဖာရောမင်းကြီးအား ပြောဆိုခဲ့သောသူများကား အာရုန်နှင့်မောရှေပင်တည်း။
ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ပြုကြ၏။ သူတို့အသီးသီးမျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် မိမိတို့၏အလံနားတွင် စခန်းချကြ၏၊ ခရီးပြုကြ၏။
အာဗြဟံ၏သား၊ ဒါဝိဒ်၏သားဖြစ်တော်မူသော ယေရှုခရစ်တော်၏ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား