သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
တောလည် 29:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။ Common Language Bible ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤ နည်းအားဖြင့်လူတို့အတွက်သန့်စင်မှု ဝတ်ကိုပြုရမည်။- Garrad Bible တစ် စ ရွတ် စီ ကို လည်း ကောင်း၊ သင် တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန် အ ပြစ် ဖြေ ရာ သ က္ကာ အ ဖြစ် ဆိတ် ထီး တစ် ကောင် ကို လည်း ကောင်း၊ Judson Bible အပြစ်ဖြေခြင်းကိုပြုအံ့သောငှာ၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်ကိုလည်း ပူဇော်ရမည်။ |
သူတို့သည် ယောသပ်၏သင်တိုင်းကိုယူ၍ ဆိတ်သငယ်အထီးတစ်ကောင်ကိုသတ်ပြီးလျှင် ဆိတ်သွေးထဲ၌ ထိုသင်တိုင်းကိုနှစ်လေ၏။
ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် သွန်းလောင်းရာပူဇော်သက္ကာအပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ရမည်။
သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း ပူဇော်ရမည်။
သိုးသငယ်ခုနစ်ကောင်တွင် တစ်ကောင်လျှင် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
လဆန်းတစ်ရက်နေ့၌ပူဇော်သော မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ပုံမှန်မီးရှို့ရာယဇ်နှင့် ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာ၊ ထိုယဇ်တို့အတွက် သွန်းလောင်းရာပူဇော်သက္ကာများအပြင် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။