ပုံမှန်မီးရှို့ရာယဇ်၊ ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
တောလည် 29:26 - မြန်မာ့စံမီသမ္မာကျမ်း ပဉ္စမနေ့၌ အပြစ်အနာအဆာကင်းသော နွားထီးကိုးကောင်၊ သိုးထီးနှစ်ကောင်၊ တစ်နှစ်သားအရွယ်သိုးသငယ်တစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။ Common Language Bible ပဉ္စမနေ့တွင်အပြစ်အနာကင်းသောနွားပျို ကိုးကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။- Garrad Bible ပ ဥ္စ မ နေ့၌ ကြန် အင် စုံ သော နွား ပေါက် ကိုး ကောင်၊ သိုး ထီး နှစ် ကောင်၊ အ ခါ လည် သော သိုး သား ငယ် အ ထီး ဆယ့် လေး ကောင် ကို လည်း ကောင်း၊ Judson Bible ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ်ကောင်၊ အခါလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်ကိုလည်းကောင်း၊ |
ပုံမှန်မီးရှို့ရာယဇ်၊ ထိုယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာတို့အပြင် ဆိတ်ထီးကလေးတစ်ကောင်ကိုလည်း အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
နွားထီး၊ သိုးထီးနှင့် သိုးသငယ်တို့အရေအတွက်အလိုက် ဘောဇဉ်ပူဇော်သက္ကာနှင့်သွန်းလောင်းရာပူဇော်သက္ကာတို့ကို စီရင်ထုံးဖွဲ့ချက်အတိုင်း ပူဇော်ရမည်။
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။