တောလည် 28:5 - မြန်မာ့စံမီသမ္မာကျမ်း ထောင်းယူသောသံလွင်ဆီတစ်ဟိန်၏လေးပုံတစ်ပုံနှင့်ရောထားသည့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။ Common Language Bible သိုးတစ်ကောင်စီနှင့်အတူဂျုံမုန့်ညက်နှစ် ပေါင်နှင့် အကောင်းဆုံးသံလွင်ဆီနှစ်ပိုင့်ရော နယ်ထားသောဘောဇဉ်သကာကိုလည်းပူဇော် ရမည်။- Garrad Bible ဘော ဇဉ် သ က္ကာ အ ဖြစ် ထောင်း ညှပ်၍ ရ သော ဆီ တစ် ပိဿာ ရော ပြီး မုန့် ညက် တစ် စ ရွတ် ကို ပူ ဇော် လော့။ Judson Bible သံလွင်သီးကို ထောင်း၍ရသော သံလွင်ဆီသုံးလောဃနှင့်ရောသော မုန့်ညက်တစ်ဩမဲကိုလည်း ပူဇော်ရမည်။ |
ထိုသိုးသငယ်နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာအဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ခြောက်ပုံတစ်ပုံနှင့် အကောင်းဆုံးဂျုံမှုန့်နှင့်နယ်ရန် ဆီတစ်ဟိန်၏သုံးပုံတစ်ပုံကို နံနက်တိုင်း စီစဉ်ပေးရမည်။ ဤသည်မှာ ထာဝရဘုရားထံ ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်သောအခါ အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
သိုးသငယ်တစ်ကောင်ကို နံနက်အချိန်တွင် ပူဇော်၍ နောက်သိုးသငယ်တစ်ကောင်ကို နေဝင်ချိန်တွင် ပူဇော်ရမည်။
ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် သိနာတောင်ပေါ်တွင်စီရင်ခဲ့သော မီးဖြင့်ပူဇော်သည့် ပုံမှန်မီးရှို့ရာယဇ်ဖြစ်၏။
သူ၏ပူဇော်သက္ကာများမှာ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊