စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။
တောလည် 26:64 - မြန်မာ့စံမီသမ္မာကျမ်း ဤသူတို့ထဲတွင် သိနာတောကန္တာရ၌ မောရှေနှင့်ယဇ်ပုရောဟိတ်အာရုန်တို့ ရေတွက်ခဲ့သည့်အစ္စရေးအမျိုးသားတို့၏အရေအတွက်တစ်ယောက်မျှ မပါဝင်ချေ။ Common Language Bible ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။- Garrad Bible သို့ ရာ တွင် သဲ တော၌ သေ ဒဏ် ခံ ကြ ရ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည် နှင့် အ ညီ ယေ ဖု န္နာ့ သား ကာ လက်၊ နုန့် သား ယော ရှု တို့ မှ တစ် ပါး သိ နာ တော၌ မော ရှေ နှင့် ပ ရော ဟိတ် အာ ရုန် တို့ စာ ရင်း ကောက် ပြီး သူ ဣ သ ရေ လ အ မျိုး သား တစ် ဦး တစ် ယောက် မျှ မ ကြွင်း ဤ စာ ရင်း တွင် မ ပါ မ ဝင် ချေ။ Judson Bible မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ဝင်သောသူ တစ်ယောက်မျှမပါ။ |
စာရင်းကောက်ရာတွင် အသက်နှစ်ဆယ်အရွယ်နှင့်အထက် စာရင်းဝင်သောသူရှိသမျှတို့သည် ငါ့ကို အပြစ်တင်ကြသည်ဖြစ်၍ ဤတောကန္တာရထဲ၌ သူတို့၏အလောင်းကောင်များ ကျန်ရစ်ရလိမ့်မည်။
ဤသည်ကား ဂျေရိခေါမြို့တစ်ဖက်၊ ဂျော်ဒန်မြစ်အနီး၊ မောဘလွင်ပြင်၌ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာက အစ္စရေးအမျိုးသားတို့ကို ရေတွက်ခဲ့သောအရေအတွက် ဖြစ်၏။
“အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။
သို့သော် ဘုရားသခင်သည် သူတို့ထဲမှ အများစုကို နှစ်သက်တော်မမူခဲ့ပေ။ ထို့ကြောင့် သူတို့သည် တောကန္တာရ၌ သေကျေပျက်စီးခဲ့ကြရ၏။
တစ်ဖန် အနှစ်လေးဆယ်အတွင်း မည်သူတို့အပေါ် အမျက်ထွက်တော်မူခဲ့သနည်း။ အပြစ်ပြု၍ တောကန္တာရ၌ ခန္ဓာကြွေရသူများအပေါ်မဟုတ်လော။
ယောရှုသည် အစ္စရေးအမျိုးသားတို့အား အရေဖျားလှီးပေးရသည့်အကြောင်းကား ဤသို့ဖြစ်၏။ အီဂျစ်ပြည်မှထွက်လာသောလူတို့တွင် စစ်သူရဲယောက်ျားအပေါင်းတို့သည် တောကန္တာရလမ်းခရီး၌ သေဆုံးကြပြီဖြစ်၏။