ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ တို့ဖြစ်ကြ၏။
တောလည် 26:41 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား မျိုးနွယ်စုအလိုက် ဗင်္ယာမိန်၏အမျိုးအနွယ်များဖြစ်ကြပြီး သူတို့၏အရေအတွက်မှာ လေးသောင်းငါးထောင့်ခြောက်ရာရှိ၏။ Common Language Bible ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်းငါး ထောင့်ခြောက်ရာယောက်ဖြစ်သည်။ Garrad Bible ထို သို့ ဖြစ် သော ဗင်္ယာ မိန့် အ ဆက် အ နွယ် စာ ရင်း ဝင် လူ ပေါင်း ကား လေး သောင်း ငါး ထောင့် ခြောက် ရာ ရှိ သ တည်း။ Judson Bible ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား လေးသောင်းငါးထောင်ခြောက်ရာ ရှိသတည်း။ |
ဗင်္ယာမိန်၏သားများမှာ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ တို့ဖြစ်ကြ၏။
ဗေလ၏အမျိုးအနွယ်များကား အာရဒနှင့်နေမန် တို့ဖြစ်ကြပြီး အာရဒမှဆင်းသက်သော အာရဒမျိုးနွယ်စု၊ နေမန်မှဆင်းသက်သော နေမနိမျိုးနွယ်စု တို့ဖြစ်ကြ၏။
မျိုးနွယ်စုအလိုက် ဒန်၏အမျိုးအနွယ်များမှာ ရှုဟံမှဆင်းသက်သော ရှုဟံမျိုးနွယ်စု ဖြစ်၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ဒန်၏အမျိုးအနွယ်များ ဖြစ်ကြ၏။
ထိုနေ့၌ အမြို့မြို့မှဗင်္ယာမိန်အမျိုးသား ဓားကိုင်သူရဲနှစ်သောင်းခြောက်ထောင်အပြင် ရွေးကောက်ခံရသောဂိဗာမြို့သားယောက်ျားခုနစ်ရာတို့လည်း စုရုံးပါဝင်ကြ၏။