အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တော​လည် 26:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဟေဖာ​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​များ​သာ​ရှိ​၏​။ ထို​သမီး​တို့​၏​အမည်​မှာ မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ တို့​ဖြစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဟေ​ဖာ​၏​သား​ဇ​လော​ဖဒ်​တွင်​သား​ယောကျာ်း​မ​ရှိ၊ သ​မီး​များ​သာ​ရှိ​၏။ ထို​သ​မီး​များ​၏​နာ​မည် များ​မှာ​မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မ​လ​ကာ နှင့်​တိ​ရ​ဇာ​တို့​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဟေ ဖာ့ သား ဇ လော ဖဒ်၌ ကား သား ယောက်ျား မ ရှိ။ မာ လာ၊ နော အာ၊ ဟော ဂ လာ၊ မိ လ ခါ၊ တိ ရ ဇာ အ မည် ရှိ သော သ မီး များ သာ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ဟေ​ဖာ၏​သား​ဇ​လော​ဖဒ်၌​ကား၊ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ​ရှိ၏။ ဇ​လော​ဖဒ်၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။

အခန်းကိုကြည့်ပါ။



တော​လည် 26:33
5 ပူးပေါင်းရင်းမြစ်များ  

ရှမိဒ​မှ​ဆင်းသက်​သော ရှမိဒ​မျိုးနွယ်စု​၊ ဟေဖာ​မှ​ဆင်းသက်​သော ဟေဖာ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


ယောသပ်​၏​သား​ဖြစ်​သော မနာရှေ​မျိုးနွယ်စု​ထဲမှ မနာရှေ​၏​သား​မှာ မာခိရ​၊ မာခိရ​၏​သား​မှာ ဂိလဒ်​၊ ဂိလဒ်​၏​သား​မှာ ဟေဖာ​၊ ဟေဖာ​၏​သား​မှာ ဇလောဖဒ် ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​များ​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဖြစ်​၏​။ ဇလောဖဒ်​၏​သမီး​တို့​သည် လာ​၍


“​အကျွန်ုပ်​တို့​၏​ဖခင်​သည် တောကန္တာရ​၌ သေဆုံး​သွား​ပါ​၏​။ ထာဝရဘုရား​ကို​ဆန့်ကျင်​လျက်​စုဝေး​သော​လူထု​ဖြစ်​သည့် ကောရ​၏​အပေါင်းပါ​များ​ထဲ​တွင် သူ မ​ပါဝင်​ခဲ့​ပါ​။ သူ့​အပြစ်​ကြောင့် သူ​သေဆုံး​သွား​ပါ​၏​။ သူ​၌ သား​မ​ရှိ​ပါ​။


မနာရှေ​၏​တီ​၊ မာခိရ​၏​မြစ်​၊ ဂိလဒ်​၏​မြေး​၊ ဟေဖာ​၏​သား ဇလောဖဒ်​၌ သား​မ​ရှိ​၊ သမီး​ချည်းသာ​ရှိ​၏​။ ထို​သမီး​များ​၏​အမည်​ကား မာလာ​၊ နောအာ​၊ ဟောဂလာ​၊ မိလခါ​၊ တိရဇာ ဟူ၍​ဖြစ်​၏​။