ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
တောလည် 22:27 - မြန်မာ့စံမီသမ္မာကျမ်း မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ဝပ်ချလေ၏။ ဗာလမ်သည် အမျက်ထွက်၍ မြည်းကိုတောင်ဝှေးဖြင့် ရိုက်ပြန်၏။ Common Language Bible မြည်းသည်ကောင်းကင်တမန်ကိုမြင်ပြန်သော အခါ လမ်းမပေါ်တွင်ဝပ်ချလိုက်၏။ ဗာလမ် သည်ဒေါသထွက်၍မြည်းကိုတောင်ဝှေးဖြင့် ရိုက်လေသည်။- Garrad Bible ဝပ် သည့် အ တွက် ဗာ လမ် မျက် မန် ထ၍ တောင် ဝေး ဖြင့် ရိုက် နှက် လေ၏။ Judson Bible မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက်နေ၏။ ဗာလမ်သည်အမျက်ထွက်၍ တောင်ဝှေးနှင့် မြည်းကိုရိုက်လေ၏။ |
ပညာရှိသောသူသည် ကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာတတ်၏။ မိုက်မဲသောသူမူကား ချုပ်တည်းမှုကင်းမဲ့၍ အတင့်ရဲတတ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှေ့မှကြိုသွား၍ လက်ယာဘက်၊ လက်ဝဲဘက်သို့လှည့်၍မရနိုင်သည့် ကျဉ်းမြောင်းသောနေရာ၌ ရပ်နေပြန်၏။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။