ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှေ့မှကြိုသွား၍ လက်ယာဘက်၊ လက်ဝဲဘက်သို့လှည့်၍မရနိုင်သည့် ကျဉ်းမြောင်းသောနေရာ၌ ရပ်နေပြန်၏။
တစ်ဖန်ကောင်းကင်တမန်သည်ရှေ့မှဆီးကြို၍ ဝဲယာသို့မြည်းမလှည့်သာသောနေရာတွင် ရပ်နေ၏။-
တစ် ဖန် ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် သည် သွား ပြန်၍ ဝဲ ယာ မ လှည့် သာ သော လမ်း ကျဉ်း တွင် ရပ် နေ သည် ကို မြည်း မြင် သော်၊
ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန်သွား၍ လမ်းတစ်ဖက်ဖက်မျှ မလွှဲနိုင်အောင် ကျဉ်းမြောင်းသောအရပ်၌ ရပ်နေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် လက်တော်ကိုမြှောက်သော်လည်း သူတို့မမြင်။ ကိုယ်တော်၏လူမျိုးတော်အတွက် ကိုယ်တော်စိတ်အားထက်သန်တော်မူသည်ကို သူတို့တွေ့မြင်၍ ရှက်ကြောက်ကြပါစေ။ ကိုယ်တော်၏ရန်သူတို့ကို လောင်ကျွမ်းမည့်မီးသည် သူတို့ကိုလောင်ကျွမ်းပါစေ။
ထို့ကြောင့် သူသွားမည့်လမ်းကို ဆူးပင်များနှင့် ငါကာထားမည်။ သူသွားမည့်လမ်းကို ရှာမတွေ့အောင် တံတိုင်းကာထားမည်။
မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ခြံစည်းရိုးနံရံတစ်ဘက်ကိုကပ်သဖြင့် ဗာလမ်၏ခြေထောက်သည် ခြံစည်းရိုးနံရံဖြင့်ညှပ်မိ၏။ ထို့ကြောင့် ဗာလမ်သည် မြည်းကို ရိုက်ပြန်၏။
မြည်းသည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မြင်သောအခါ ဝပ်ချလေ၏။ ဗာလမ်သည် အမျက်ထွက်၍ မြည်းကိုတောင်ဝှေးဖြင့် ရိုက်ပြန်၏။