နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ ဗာလက်မင်းကြီး၏မှူးမတ်တို့အား “သင်တို့ပြည်သို့ ပြန်သွားကြလော့။ သင်တို့နှင့်အတူလိုက်သွားရန် ထာဝရဘုရားသည် ငါ့အား အခွင့်ပေးတော်မမူ”ဟု ဆို၏။
တောလည် 22:14 - မြန်မာ့စံမီသမ္မာကျမ်း မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ထ၍ဗာလက်မင်းကြီးထံသို့ပြန်သွားပြီး “ဗာလမ်သည် အကျွန်ုပ်တို့နှင့်အတူလိုက်လာရန်ငြင်းဆန်ပါ၏”ဟု လျှောက်ကြ၏။ Common Language Bible ထိုကြောင့်သူတို့သည်ဗာလက်ထံသို့ပြန်၍ သူ တို့နှင့်အတူဗာလမ်မလိုက်လိုကြောင်းလျှောက် ထားကြလေသည်။ Garrad Bible မော ဘ မှူး မတ် တို့ ထ သွား၍ ဗာ လက် မင်း ထံ ရောက် သော် ဗာ လမ် သည် လိုက် လာ ရန် ငြင်း ဆို ပါ သည် ဟု တင် လျှောက် ကြ၏။ Judson Bible ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက်မင်းထံသို့ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူမလိုက်လိုပါဟု လျှောက်ကြ၏။ |
နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ ဗာလက်မင်းကြီး၏မှူးမတ်တို့အား “သင်တို့ပြည်သို့ ပြန်သွားကြလော့။ သင်တို့နှင့်အတူလိုက်သွားရန် ထာဝရဘုရားသည် ငါ့အား အခွင့်ပေးတော်မမူ”ဟု ဆို၏။
ထိုအခါ ဗာလက်မင်းကြီးသည် ယခင်ကထက် အရေအတွက်များ၍ဂုဏ်သရေရှိသော အကြီးအကဲတို့ကို တစ်ဖန်စေလွှတ်ပြန်၏။
ဗာလက်မင်းကြီးက ဗာလမ်အား “အကျွန်ုပ်သည် သင့်ထံသို့ လူအထပ်ထပ်စေလွှတ်၍ ခေါ်စေသည်မဟုတ်လော။ အဘယ်ကြောင့် သင်မလာသနည်း။ အကျွန်ုပ်သည် သင့်ကို ဂုဏ်မပြုနိုင်သလော”ဟု ဆို၏။