ဘုရားသခင်က ဗာလမ်အား “သင်သည် သူတို့နှင့်အတူ လိုက်မသွားရ။ ထိုလူမျိုးသည် ကောင်းချီးမင်္ဂလာခံရသောလူမျိုးဖြစ်၍ ထိုလူမျိုးကို မကျိန်ဆဲရ”ဟု မိန့်တော်မူ၏။
တောလည် 22:13 - မြန်မာ့စံမီသမ္မာကျမ်း နံနက်ရောက်လျှင် ဗာလမ်သည် ထ၍ ဗာလက်မင်းကြီး၏မှူးမတ်တို့အား “သင်တို့ပြည်သို့ ပြန်သွားကြလော့။ သင်တို့နှင့်အတူလိုက်သွားရန် ထာဝရဘုရားသည် ငါ့အား အခွင့်ပေးတော်မမူ”ဟု ဆို၏။ Common Language Bible နောက်တစ်နေ့နံနက်တွင်ဗာလမ်ကဗာလက် ၏သံတမန်တို့အား``သင်တို့ပြန်ကြလော့။ သင် တို့နှင့်အတူလိုက်ရန်ထာဝရဘုရားသည် ငါ့ အားအခွင့်ပေးတော်မမူ'' ဟုပြောလေ၏။- Garrad Bible ဗာ လက် မင်း၏ မှူး မတ် တို့ အား သင် တို့ ပြည် သို့ ပြန် ကြ လော့။ ထာ ဝ ရ ဘု ရား သည် ငါ့ အား လိုက် သွား ခွင့် ပြု တော် မ မူ ဟု ဆို လျှင်၊ Judson Bible နံနက်ရောက်မှ၊ ဗာလမ်သည်ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြောလေ၏။ |
ဘုရားသခင်က ဗာလမ်အား “သင်သည် သူတို့နှင့်အတူ လိုက်မသွားရ။ ထိုလူမျိုးသည် ကောင်းချီးမင်္ဂလာခံရသောလူမျိုးဖြစ်၍ ထိုလူမျိုးကို မကျိန်ဆဲရ”ဟု မိန့်တော်မူ၏။
မောဘလူမျိုးတို့၏အကြီးအကဲတို့သည် ထ၍ဗာလက်မင်းကြီးထံသို့ပြန်သွားပြီး “ဗာလမ်သည် အကျွန်ုပ်တို့နှင့်အတူလိုက်လာရန်ငြင်းဆန်ပါ၏”ဟု လျှောက်ကြ၏။
သို့ရာတွင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ဗာလမ်၏စကားကို နားညောင်းတော်မမူ။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုချစ်တော်မူသောကြောင့် သင့်အဖို့ကျိန်ဆဲခြင်းကို ကောင်းချီးမင်္ဂလာဖြစ်စေတော်မူ၏။