တောလည် 2:6 - မြန်မာ့စံမီသမ္မာကျမ်း နာသနေလတပ်ဖွဲ့ရှိလူအရေအတွက်မှာ ငါးသောင်းလေးထောင့်လေးရာ ဖြစ်၏။ Judson Bible သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။ |
ယုဒတပ်ဖွဲ့၏ဘေးတွင် ဣသခါအမျိုးအနွယ် စခန်းချရမည်။ ဇုအာ၏သား နာသနေလသည် ဣသခါအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
ထို့နောက် ဇာဗုလုန်အမျိုးအနွယ် စခန်းချရမည်။ ဟေလုန်၏သား ဧလျာဘသည် ဇာဗုလုန်အမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
ဤသည်ကား ဣသခါ၏မျိုးနွယ်စုများဖြစ်ပြီး သူတို့၏အရေအတွက်မှာ ခြောက်သောင်းလေးထောင့်သုံးရာရှိ၏။