လေဝိအမျိုးသားတို့အား ပြောလော့။ ဆယ်ဖို့တစ်ဖို့ထဲမှ အကောင်းဆုံးအရာကို ပေးလှူသောအခါ ကောက်နယ်တလင်းမှ အသီးအနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူရမည်။
တောလည် 18:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုပူဇော်သက္ကာသည် တွေ့ဆုံစည်းဝေးရာတဲတော်၌ သင်တို့ထမ်းဆောင်ရသောအမှုအတွက် လုပ်အားခဖြစ်သောကြောင့် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ထိုအရာကို မည်သည့်နေရာတွင်မဆို စားခွင့်ရှိ၏။ Common Language Bible ကျန်ရှိသမျှသောအလှူသည်သင်တို့တဲ တော်၌ အမှုဆောင်သည့်အတွက်ခံထိုက်သော အခဖြစ်ခြင်းကြောင့် ထိုအလှူကိုသင်နှင့် သင်၏မိသားစုတို့သည်မည်သည့်နေရာ ၌မဆိုစားသုံးနိုင်သည်။- Garrad Bible အ ထူး အ မြတ် ကို မြှောက် ဆက် ပြီး လျှင် တွေ့ ဆုံ ရာ တဲ တော် နှင့် စပ် လျဉ်း သော ဝတ် အ စ ဖြစ် သည် နှင့် အ ညီ အ ပြစ် ဝန် မ ထမ်း၊ ဣ သ ရေ လ အ မျိုး သား တို့ သီး သန့် ရာ များ ကို မ ညှိုး မ ပုပ် စေ ဘဲ သေ ဘေး နှင့် ကင်း လွတ် ကြ လျက် အိမ် သူ အိမ် သား များ နှင့် တ ကွ မည် သည့် အ ရပ်၌ မ ဆို စား ခွင့် ရှိ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ Judson Bible ထိုကြွင်းသောအဖို့ကို၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် စားချင်သောအရပ်ရပ်၌ စားရသောအခွင့်ရှိ၏။ ပရိသတ်စည်းဝေးရာတဲတော်၌ အမှုစောင့်သောအတွက် ငါချသောဆုဖြစ်၏။ |
လေဝိအမျိုးသားတို့အား ပြောလော့။ ဆယ်ဖို့တစ်ဖို့ထဲမှ အကောင်းဆုံးအရာကို ပေးလှူသောအခါ ကောက်နယ်တလင်းမှ အသီးအနှံကဲ့သို့လည်းကောင်း၊ စပျစ်သီးနယ်ရာကျင်းမှ စပျစ်ရည်ကဲ့သို့လည်းကောင်း မှတ်ယူရမည်။
သင်တို့သည် ဆယ်ဖို့တစ်ဖို့ထဲမှအကောင်းဆုံးကို ပေးလှူပူဇော်သောကြောင့် သင်တို့အပေါ် အပြစ်သင့်မည်မဟုတ်။ သင်တို့မသေရမည့်အကြောင်း အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာတို့ကို မညစ်ညူးစေရ”ဟု မိန့်တော်မူ၏။
လမ်းခရီးအတွက် လွယ်အိတ်၊ အင်္ကျီအပို၊ ဖိနပ်နှင့် တောင်ဝှေးတို့ကိုလည်း မယူသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် မိမိစားစရာကိုရထိုက်၏။
ထိုတစ်အိမ်တည်းမှာပင် တည်းခို၍ သူတို့ထံ၌ စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သောသူသည် လုပ်အားခကိုရထိုက်၏။ တစ်အိမ်မှ တစ်အိမ်သို့ မပြောင်းကြနှင့်။
ငါကိုယ်တိုင်သည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ခြင်းမှတစ်ပါး သင်တို့၌ အခြားသောအသင်းတော်များထက် ပို၍ဂုဏ်ငယ်စရာအကြောင်း တစ်စုံတစ်ခုရှိသလော။ ဤမမျှတမှုအတွက် ငါ့ကိုခွင့်လွှတ်ကြလော့။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။