ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ ယာဘက်ပေါင်သည် သင့်အဖို့ဖြစ်သကဲ့သို့ အသားသည်လည်း သင့်အဖို့ဖြစ်၏။
အထူးပူဇော်သကာမှရင်ပုံသားနှင့်ယာ ဘက်ပေါင်သည် သင်တို့နှင့်ဆိုင်သကဲ့သို့ ယင်းတို့၏အသားသည်လည်းသင်တို့နှင့် ဆိုင်၏။
ဦး တိုက် ရာ ရင် ထူး နှင့် လက်ျာ ပေါင် များ နည်း တူ ၎င်း အ သား လည်း သင့် ပိုင် ရာ ဖြစ်၏။
အသားမူကား ချီလွှဲရာပူဇော်သကာ၏ရင်ပတ်နှင့် လက်ယာပခုံးကဲ့သို့ သင့်အဖို့ ဖြစ်ရမည်။
အဦးဆုံးမုန့်ညက်၊ အလှူပစ္စည်း၊ သစ်သီးအမျိုးမျိုး၊ စပျစ်ဝိုင်အသစ်၊ ဆီတို့ကိုလည်း ဘုရားသခင်၏အိမ်တော်ခန်းရှိ ယဇ်ပုရောဟိတ်ထံသို့ယူဆောင်လာပါမည်။ လေဝိအမျိုးတို့သည် မြို့ရွာတိုင်းမှာ စိုက်ပျိုးသောသီးနှံတို့၏ဆယ်ဖို့တစ်ဖို့ကို ရထိုက်သူများဖြစ်သောကြောင့် မြေထွက်သီးနှံ၏ဆယ်ဖို့တစ်ဖို့ကိုလည်း လေဝိအမျိုးတို့ထံ ယူဆောင်လာပါမည်။
စားတော်ကဲသည် ပေါင်သားကိုယူလာ၍ ရှောလုရှေ့တွင် ချထား၏။ ရှမွေလက “သင့်ရှေ့၌ချထားသောအသားကို စားပါ။ ဤအသားသည် ဖိတ်ခေါ်ထားသောသူတို့နှင့်အတူ သတ်မှတ်ထားသောအချိန်တွင်စားဖို့ သင့်အတွက် ဖယ်ထားပေးသောအသားဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ထိုနေ့တွင် ရှောလုသည် ရှမွေလနှင့်အတူ စားသောက်လေ၏။