ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးကိုယူ၍ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
တောလည် 18:17 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။ Common Language Bible သို့ရာတွင် နွား၊ သိုး၊ ဆိတ်တို့၏သားဦးများကို ရွေးယူပိုင်ခွင့်မရှိ။ ယင်းတို့ကိုငါ့အားဆက် ကပ်ထားပြီးဖြစ်၍ပူဇော်ရမည်။ ထိုယဇ်ကောင် တို့၏သွေးကိုယဇ်ပလ္လင်ပေါ်သို့ပက်ဖျန်း၍ အဆီကိုပူဇော်သကာအဖြစ်မီးရှို့ရမည်။ ထိုရနံ့ကိုငါနှစ်သက်တော်မူ၏။- Garrad Bible နွား၊ သိုး၊ ဆိတ် တို့ အ နက် သား ဦး များ ကို သန့် ရှင်း သည် နှင့် အ ညီ မ ရွေး မ နုတ် ရ။ ပူ ဇော် ရာ ပ လ္လင် တော်၌ အ သွေး ကို သွန်း ပက် ခြင်း၊ စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ဆီ ဥ ကို ဆက် ကပ် ခြင်း ပြု ရာ တွင်၊ Judson Bible နွားသားဦး၊ သိုးသားဦး၊ ဆိတ်သားဦးသည် သန့်ရှင်းသောကြောင့်မရွေးရ။ သူ၏အသွေးကို ယဇ်ပလ္လင်ပေါ်မှာဖျန်းရမည်။ ဆီဥကိုလည်း ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေ၍၊ မီးဖြင့်ပူဇော်သကာပြုရမည်။ |
ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးကိုယူ၍ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအနီး ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွေးကို ဖျန်း၍ အဆီကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ရှို့ရမည်။
ရွေးနုတ်ရာတွင် တစ်လသားအရွယ်ဖြစ်လျှင် သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးရှယ်ကယ်ဖြင့် ရွေးနုတ်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။)