ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
တောလည် 17:9 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် တောင်ဝှေးအားလုံးကို ထာဝရဘုရားရှေ့တော်မှ အစ္စရေးအမျိုးသားအပေါင်းတို့ထံသို့ ယူဆောင်လာ၍ သူတို့သည် ကြည့်ရှုပြီး မိမိ၏တောင်ဝှေးကို အသီးသီးပြန်ယူကြ၏။ Common Language Bible မောရှေသည်ဣသရေလအမျိုးသားတို့ အား တောင်ဝှေးအားလုံးကိုထုတ်ပြရာသူ တို့သည်ဖြစ်ခဲ့သောအခြင်းအရာကိုတွေ့ မြင်ကြ၏။ ဦးစီးခေါင်းဆောင်တို့သည်မိမိ တို့ဆိုင်ရာတောင်ဝှေးကိုပြန်ယူကြလေသည်။- Garrad Bible တောင် ဝေး ရှိ သ မျှ ကို ထာ ဝ ရ ဘု ရား ရှေ့ တော် မှ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ အား ထုတ် ပြ ရာ သူ တို့ သည် ရှု ကြည့်၍ ဆိုင် ရာ တောင် ဝေး ကို ကိုယ် စီ ယူ လေ၏။ Judson Bible မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရားထံတော်က ဣသရေလအမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည်ကြည့်ရှု၍၊ လူတိုင်းမိမိလှံတံကို ယူပြန်လေ၏။ |
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
နောက်တစ်နေ့၌ မောရှေသည် သက်သေခံချက်တဲတော်ထဲသို့ ဝင်သောအခါ လေဝိအမျိုးအနွယ်၊ အာရုန်၏တောင်ဝှေးသည် အတက်ပေါက်လျက်၊ အဖူးဖူးလျက်၊ အပွင့်ပွင့်လျက်၊ ဗာဒံသီးသီးလျက်ရှိသည်ကို တွေ့လေ၏။