တောလည် 17:6 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုသဖြင့် သူတို့၏ခေါင်းဆောင်အသီးသီးတို့သည် မိမိတို့ဘိုးဘေးများ၏အမျိုးအနွယ်အလိုက် ခေါင်းဆောင်တစ်ဦးလျှင် တောင်ဝှေးတစ်ချောင်းစီ စုစုပေါင်းတောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို သူ့အားပေးကြ၏။ ထိုတောင်ဝှေးများထဲတွင် အာရုန်၏တောင်ဝှေးလည်းပါ၏။ Common Language Bible သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုး သားတို့အားဆင့်ဆိုသဖြင့် အနွယ်ဦးစီး ခေါင်းဆောင်တစ်ဦးစီကတောင်ဝှေးတစ် ချောင်းကျ တောင်ဝှေးတစ်ဆယ့်နှစ်ချောင်းကို သူ့ထံသို့ယူဆောင်ခဲ့ကြသည်။ အာရုန်၏ တောင်ဝှေးသည်တစ်ဆယ့်နှစ်ချောင်းတွင် ပါဝင်၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို သည် နှင့် အ ကြီး အ ကဲ အ ပေါင်း တို့ သည် အိမ် ထောင် များ အ လိုက်၊ တစ် ပါး လျှင် တောင် ဝေး တစ် ချောင်း ကျ ဆယ့် နှစ် ချောင်း ကို အပ် ပေး ကြ ရာ၊ Judson Bible မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတစ်ဦးလျှင် လှံတံတစ်ချောင်းစီ လှံတံဆယ်နှစ်ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။ |
အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်ကိုအပြစ်တင်လျက် “ငါတို့သည် အီဂျစ်ပြည်၌ သေခဲ့ပါစေလား၊ သို့မဟုတ်လျှင်လည်း ဤတောကန္တာရ၌ သေခဲ့ပါစေလား။
ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်၌ရှိသောလူတို့ကိုလည်း မကြောက်ကြပါနှင့်။ အကြောင်းမူကား သူတို့သည် ငါတို့အစာဖြစ်၏။ သူတို့၌ အကာအကွယ်ပေးမည့်သူမရှိ။ ငါတို့၌ ထာဝရဘုရားရှိ၏။ ထိုသူတို့ကို မကြောက်ကြနှင့်”ဟု ဆို၏။
ငါရွေးချယ်သောသူ၏တောင်ဝှေးသည် အတက်ပေါက်လိမ့်မည်။ ဤသို့ဖြင့် သင်တို့ကို အပြစ်တင်နေကြသော အစ္စရေးအမျိုးသားတို့မြည်တွန်တောက်တီးသောအသံကို ငါရပ်စဲစေမည်”ဟု မိန့်တော်မူ၏။
မောရှေသည် ထိုတောင်ဝှေးတို့ကို သက်သေခံချက်တဲတော်အတွင်း ထာဝရဘုရားရှေ့တော်၌ ထားလေ၏။