အချို့ကိုအမှုန့်ထောင်း၍ သင်နှင့်ငါတွေ့ဆုံမည့်နေရာဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိ သက်သေခံချက်ရှေ့၌ထားရမည်။ ထိုနံ့သာပေါင်းသည် သင်တို့အဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏။
တောလည် 17:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုတောင်ဝှေးတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိသက်သေခံချက်ရှေ့၊ သင်တို့နှင့်ငါတွေ့ဆုံရာနေရာ၌ ထားရမည်။ Common Language Bible တောင်ဝှေးများကိုငါစံတော်မူရာတဲ တော်သို့ယူဆောင်၍သင့်ကိုငါတွေ့ဆုံရာ ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ထားလော့။- Garrad Bible သင် တို့ နှင့် ငါ တွေ့ ဆုံ လေ့ ရှိ သော ဌာ န၊ တွေ့ ဆုံ ရာ တဲ တော်၌ သက် သေ တော် ရှေ့ မှာ ထား လော့။ Judson Bible ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။ |
အချို့ကိုအမှုန့်ထောင်း၍ သင်နှင့်ငါတွေ့ဆုံမည့်နေရာဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိ သက်သေခံချက်ရှေ့၌ထားရမည်။ ထိုနံ့သာပေါင်းသည် သင်တို့အဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏။
ထိုယဇ်ပလ္လင်ကို သင်နှင့်ငါတွေ့ဆုံမည့်နေရာ၊ သက်သေခံချက်ပေါ်ရှိကရုဏာတော်ပလ္လင်ရှေ့၊ သက်သေခံချက်သေတ္တာတော်ကိုကာသောကန့်လန့်ကာရှေ့၌ ထားရမည်။
ထာဝရဘုရားက မောရှေအား “အာရုန်၏တောင်ဝှေးကို သူတို့အတွက် အမှတ်လက္ခဏာအဖြစ် သက်သေခံချက်ရှေ့၌ ပြန်ထားလော့။ သို့ပြုလျှင် ပုန်ကန်သူတို့မြည်တွန်တောက်တီးသောအသံရပ်စဲ၍ သူတို့သည် သေဘေးနှင့်ကင်းလွတ်ကြရမည်”ဟု မိန့်တော်မူ၏။
အာရုန်၏အမည်ကို လေဝိအမျိုး၏တောင်ဝှေးပေါ်၌ ရေးရမည်။ ဘိုးဘေးတို့၏အမျိုးအနွယ်အကြီးအမှူးတစ်ဦးလျှင် တောင်ဝှေးတစ်ချောင်းစီရှိရမည်။
မောရှေသည် ထိုတောင်ဝှေးတို့ကို သက်သေခံချက်တဲတော်အတွင်း ထာဝရဘုရားရှေ့တော်၌ ထားလေ၏။