မီးသည်လည်း သူတို့၏အပေါင်းပါထဲတွင် တောက်လောင်၍ မီးလျှံသည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့၏။
တောလည် 16:35 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။ Common Language Bible ထိုနောက်ထာဝရဘုရားသည်လောင်မီးကျ စေ၍ နံ့သာပေါင်းဆက်သသောသူနှစ်ရာ့ ငါးဆယ်ကိုမီးလောင်ကျွမ်းစေ၏။ Garrad Bible လောင် မီး လည်း ထာ ဝ ရ ဘု ရား ထံ မှ ထွက်၍ နံ့ သာ ပေါင်း ဆက် ကပ် သူ နှစ် ရာ့ ငါး ဆယ် ကို ကျွမ်း သ တည်း။ Judson Bible နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။ |
မီးသည်လည်း သူတို့၏အပေါင်းပါထဲတွင် တောက်လောင်၍ မီးလျှံသည် ဆိုးယုတ်သောသူတို့ကို လောင်ကျွမ်းခဲ့၏။
ငါတို့၏ဘုရားသခင်သည် ကြွလာတော်မူမည်။ ကိုယ်တော်သည် တိတ်ဆိတ်စွာနေတော်မူမည်မဟုတ်။ ကိုယ်တော်၏ရှေ့တော်၌ ဝါးမျိုတတ်သောမီးရှိ၍ ကိုယ်တော်၏ပတ်လည်၌ ပြင်းထန်သောမုန်တိုင်းရှိ၏။
ထိုအရာတို့၏ရှေ့တွင် အစ္စရေးအမျိုးအနွယ် သက်ကြီးဝါကြီးအယောက်ခုနစ်ဆယ်တို့သည်ရပ်၍ သူတို့အလယ်တွင် ရှာဖန်၏သားယာဇညာ ရပ်လျက်ရှိ၏။ သူတို့လက်ထဲတွင် လင်ပန်းကိုယ်စီကိုင်ထားပြီး လင်ပန်းထဲမှ နံ့သာပေါင်းမီးခိုးလည်း တလူလူတက်နေသည်ကို တွေ့ရ၏။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
ထိုပြည်၏မကောင်းသတင်းကိုဖြန့်သောသူတို့သည် ထာဝရဘုရား၏ရှေ့တော်၌ ကာလနာဘေးဖြင့်သေကြလေ၏။
သင်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ယူ၍ နံ့သာပေါင်းကိုထည့်ရမည်။ သင်နှင့်အာရုန်မှစ၍ သင်၏အပေါင်းပါအယောက်နှစ်ရာ့ငါးဆယ်တို့သည် မိမိတို့၏မီးကျီးခံဗန်းကို ထာဝရဘုရားရှေ့တော်သို့ ယူဆောင်လာရမည်”ဟု ဆို၏။
လူအစုအဝေးထဲမှ ရွေးကောက်တင်မြှောက်ထားသည့် နာမည်ကျော်စောသော အစ္စရေးအမျိုးသား လူထုခေါင်းဆောင် အယောက်နှစ်ရာ့ငါးဆယ်တို့နှင့်အတူ မောရှေအား ဆန့်ကျင်ကြ၏။
ထိုသူတို့၏အော်သံကို သူတို့ပတ်ပတ်လည်၌ရှိသော အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ “ငါတို့ကိုလည်း မြေမျိုလိမ့်မည်”ဟု ဆိုလျက် ထွက်ပြေးကြ၏။
ကောရကြောင့် သေဆုံးသူတို့အပြင် ဘေးဒဏ်ကြောင့် သေဆုံးသူ တစ်သောင်းလေးထောင့်ခုနစ်ရာ ရှိ၏။
ထို့ကြောင့် မြေကြီးသည် မိမိခံတွင်းကို ဖွင့်၍ ကောရနှင့်အတူ သူတို့ကိုမျို၏။ ထိုသို့ ကောရနှင့်သူ၏အပေါင်းပါများသေကြ၏။ လူအယောက်နှစ်ရာ့ငါးဆယ်ကိုလည်း မီးလောင်ကျွမ်းလေ၏။ ထိုသူတို့သည် သတိပြုစရာသက်သေဖြစ်ကြ၏။
နာဒပ်နှင့်အဘိဟုသည် သိနာတောကန္တာရတွင် ထာဝရဘုရားရှေ့တော်၌ မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကိုပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။ သူတို့၌သားသမီးမရှိ။ သို့ဖြစ်၍ ဧလာဇာနှင့်ဣသမာသည် မိမိတို့ဖခင်အာရုန်၏ရှေ့၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ကြ၏။
တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက သူတို့၏ခံတွင်းထဲမှ မီးထွက်လာ၍ သူတို့၏ရန်သူများကို လောင်ကျွမ်းစေမည်ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက ထိုသူသည် ထိုနည်းအတိုင်းအသေသတ်ခြင်းခံရမည်ဖြစ်၏။