မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။
တောလည် 16:34 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့၏အော်သံကို သူတို့ပတ်ပတ်လည်၌ရှိသော အစ္စရေးလူမျိုးအပေါင်းတို့သည် ကြား၍ “ငါတို့ကိုလည်း မြေမျိုလိမ့်မည်”ဟု ဆိုလျက် ထွက်ပြေးကြ၏။ Common Language Bible ထိုအရပ်တွင်ရှိသောဣသရေလအမျိုး သားအပေါင်းတို့သည်လည်း သူတို့၏အော် ဟစ်သံကိုကြားရသောအခါ``ပြေးကြ၊ ငါတို့လည်းမြေမျိုခံရလိမ့်မည်'' ဟု အော်ဟစ်ကြ၏။ Garrad Bible ပတ် ဝန်း ကျင် ရှိ ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ သည် ငါ တို့ ကို လည်း မြေ ကြီး မျို စား မည် ဟု ပြော ဆို လျက် ချင်း တို့ အော် ဟစ် သံ ကြောင့် ပြေး ကြ ကုန်၏။ Judson Bible သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက်ပြေးကြ၏။ |
မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။
ထိုသူတို့သည် သူတို့ပိုင်ဆိုင်သောအရာရှိသမျှတို့နှင့်အတူ မရဏာနိုင်ငံသို့ အရှင်လတ်လတ်ဆင်းသွားကြရ၏။ မြေကြီးသည် ပြန်ပိတ်သွားလေ၏။ သူတို့သည် လူအစုအဝေးထဲမှ ပျောက်ကွယ်သွားလေ၏။
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။