ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
တောလည် 15:41 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့၏ဘုရားဖြစ်ဖို့အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါသည်သင်တို့၏ ဘုရားဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့၏။ ငါသည်ထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။ Judson Bible ငါသည် သင်တို့၏ဘုရားသခင်ဖြစ်ခြင်းငှာ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။ |
ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
ငါသည် သင်တို့၏ဘုရားဖြစ်ရန်အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် သင်တို့အား ခါနာန်ပြည်ကိုပေး၍ သင်တို့၏ဘုရားဖြစ်ဖို့အတွက် အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါ၏ပညတ်တော်အလုံးစုံကို အောက်မေ့၍ ကျင့်ဆောင်ခြင်းဖြင့် သင်တို့သည် သင်တို့၏ဘုရားသခင်အတွက် သန့်ရှင်းသောသူများဖြစ်ကြလိမ့်မည်။
လေဝိ၏မြစ်၊ ကောဟတ်၏မြေး၊ ဣဇဟာ၏သား ကောရသည် ရုဗင်သားမြေး၊ ဧလျာဘ၏သား ဒါသန်နှင့်အဘိရံ၊ ပေလက်၏သား ဩန တို့ကိုခေါ်၍
သို့သော် အမှန်အားဖြင့် သူတို့သည် အထက်ကောင်းကင်အရပ်၌ရှိသည့်ပြည်တည်းဟူသော သာ၍မြတ်သောပြည်ကို အလွန်တောင့်တနေကြ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းခံရသည်ကို ရှက်တော်မမူ။ အကြောင်းမူကား ကိုယ်တော်သည် သူတို့အတွက် မြို့တော်ကိုပြင်ဆင်ထားတော်မူ၏။