အစ္စရေးအမျိုးသားတို့သည် တောကန္တာရ၌ရှိနေစဉ် ဥပုသ်နေ့၌ ထင်းခွေနေသောလူတစ်ယောက်ကို တွေ့၏။
ဣသရေလအမျိုးသားတို့သည်တောကန္တာရ ၌ရှိသောအခါ တစ်နေ့သောဥပုသ်နေ့၌လူ တစ်ယောက်ထင်းခွေလျက်နေသည်ကိုတွေ့ရှိ ကြသည်။-
ဣ သ ရေ လ အ မျိုး သား တို့ သည် သဲ တော တွင် ရှိ နေ ကြ စဉ် ဥ ပုသ် နေ့၌ ထင်း ခွေ သော လူ တစ် ယောက် ကို တွေ့၍၊
ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တစ်နေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတစ်ယောက်ကို တွေ့လေ၏။
မောရှေကလည်း “ဤအရာကား ထာဝရဘုရားမိန့်ဆိုတော်မူသောအရာဖြစ်၏။ မနက်ဖြန်သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ထာဝရဘုရား၏သန့်ရှင်းသောဥပုသ်နေ့ဖြစ်၏။ ထိုမုန့်ကို သင်တို့ဖုတ်လိုလျှင် ဖုတ်လော့။ ပြုတ်လိုလျှင် ပြုတ်လော့။ ပိုသမျှကို သင်တို့အတွက် ချန်ထားပြီး နံနက်တိုင်အောင်သိမ်းထားလော့”ဟု သူတို့အားဆို၏။
ထာဝရဘုရားက သင်တို့ကိုယ်သင်တို့ သတိပြုကြလော့။ ဥပုသ်နေ့၌ ဝန်ထုပ်များ မသယ်ဆောင်ရ။ ဂျေရုဆလင်မြို့တံခါးကို ဖြတ်၍ မယူဆောင်လာရ။
ထိုထင်းခွေနေသောသူကိုတွေ့သောသူတို့သည် သူ့ကို မောရှေ၊ အာရုန်နှင့် လူထုအပေါင်းတို့ထံ ခေါ်ဆောင်လာခဲ့ကြ၏။