ဤအိမ်တော်သို့မျက်နှာမူပြီး ဆုတောင်းကြလျှင် (အကြောင်းမူကား သူတို့သည် ကိုယ်တော်၏ကြီးမြတ်သောနာမတော်၊ အားကြီးသောလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်အကြောင်းကို ကြားကြလိမ့်မည်။)
တောလည် 15:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသား၊ သို့မဟုတ် သင်တို့၏မျိုးဆက်ထဲမှ တစ်ယောက်ယောက်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်လိုလျှင် သင်တို့ပြုသည့်အတိုင်း သူပြုရမည်။ Common Language Bible အမြဲဖြစ်စေ၊ ယာယီဖြစ်စေသင်တို့နှင့် အတူနေထိုင်သောလူမျိုးခြားတစ်ဦးသည် ထာဝရဘုရားနှစ်သက်တော်မူသောရနံ့ အဖြစ်သကာကိုဆက်သသည့်အခါ ဖော်ပြ ပါပြဋ္ဌာန်းချက်များအတိုင်းဆက်သ ရမည်။- Garrad Bible သင် တို့ အ မျိုး အ စဉ် အ ဆက်၊ ဝင် နေ သူ မှ စ သော အာ ဂ န္တု တစ် စုံ တစ် ယောက် သည် စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ ကို ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် လို က သင် တို့ ပြု ရ သည့် အ တိုင်း ပင် ပြု စေ။ Judson Bible သင်တို့တွင် တည်းခိုသောတစ်ပါးအမျိုးသားဖြစ်စေ၊ အခြားတစ်ပါးသောသူဖြစ်စေ၊ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ အလိုရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်းပြုရမည်။ |
ဤအိမ်တော်သို့မျက်နှာမူပြီး ဆုတောင်းကြလျှင် (အကြောင်းမူကား သူတို့သည် ကိုယ်တော်၏ကြီးမြတ်သောနာမတော်၊ အားကြီးသောလက်တော်၊ တန်ခိုးကြီးသောလက်ရုံးတော်အကြောင်းကို ကြားကြလိမ့်မည်။)
“အာရုန်နှင့်သူ့သားတို့မှစ၍ အစ္စရေးအမျိုးသားအပေါင်းတို့အား ဆင့်ဆိုလော့။ အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ဦးသည် ထာဝရဘုရားအား မိမိ၏ပူဇော်သက္ကာကို ကတိသစ္စာတစ်စုံတစ်ခုအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာတစ်စုံတစ်ခုအတွက် မီးရှို့ရာယဇ်အဖြစ် ပူဇော်လျှင်
ထိုသို့သောအကောင်ကို တိုင်းတစ်ပါးသားတို့ထံမှလက်ခံယူ၍ သင်တို့ဘုရားသခင်အဖို့ စားဖွယ်ရာအဖြစ် မပူဇော်ရ။ ထိုအကောင်တို့သည် ပုံပန်းပျက်၍ အနာအဆာရှိနေသောကြောင့် သင်တို့ကို လက်ခံတော်မူမည်မဟုတ်”ဟု မိန့်တော်မူ၏။
အမျိုးသားချင်းအပေါင်းတို့သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်သောအခါ ထိုသို့ပြုကြရမည်။
သင်တို့အတွက်ဖြစ်စေ၊ သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားအတွက်ဖြစ်စေ လူအစုအဝေးအတွက်ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်းဖြစ်ရမည်။ ဤသည်ကား သင်တို့မျိုးဆက်အစဉ်အဆက်အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။ ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်တိုင်းတစ်ပါးသားတို့သည် အတူတူဖြစ်ရမည်။