ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင်လူတစ်ဦးက
တောလည် 13:32 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အစ္စရေးအမျိုးသားတို့အလယ်၌ မိမိတို့စူးစမ်းခဲ့သောပြည်၏မကောင်းသတင်းကို ဖြန့်ကြ၏။ သူတို့က “ငါတို့သွား၍စူးစမ်းခဲ့သောပြည်သည် မိမိပြည်သားတို့ကိုဝါးမျိုသောပြည်ဖြစ်ပြီး ထိုပြည်၌ ငါတို့တွေ့ခဲ့သောလူအားလုံးတို့သည် ထွားကျိုင်းကြ၏။ Common Language Bible သို့ဖြစ်၍သူတို့သည်မိမိတို့စုံစမ်းထောက် လှမ်းခဲ့သောပြည်အကြောင်း မဟုတ်မမှန် သတင်းကိုဣသရေလအမျိုးသားတို့ တွင်ဖြန့်ကြသည်။ သူတို့က``ထိုပြည်၌ထို ပြည်သားတို့အတွက်ပင်လျှင်သီးနှံလောက် အောင်မထွက်ပါ။ ငါတို့တွေ့မြင်ခဲ့သောသူ အပေါင်းတို့သည်အလွန်အရပ်မြင့်ကြ၏။- Garrad Bible ငါ တို့ လျှောက် သွား ၍ စူး စမ်း သော ပြည် သည် နေ ထိုင် သူ တို့ ကို မျို စား လေ့ ရှိ သည် တ ကား။ ငါ တို့ မြင် ခဲ့ သ မျှ သော သူ တို့ သည် အ ရပ် အ မောင်း ကြီး လှ လေ စွ။ Judson Bible ငါတို့သွား၍စူးစမ်းသောပြည်သည် မိမိသားတို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သားအပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။ |
ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင်လူတစ်ဦးက
ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင် လူတစ်ဦးက
ငါ့လူမျိုးတော်အစ္စရေးကို သင်တို့ပေါ်တွင် သွားလာစေမည်။ သူတို့သည် သင့်ကို အမွေမြေအဖြစ် အပိုင်သိမ်းကြလိမ့်မည်။ သူတို့၏သားသမီးတို့ကို သင်တို့ဆုံးရှုံးစေတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။
သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်၍ အာမောရိပြည်ကို ပိုင်ဆိုင်ရန်အတွက် သင်တို့အား တောကန္တာရတွင် အနှစ်လေးဆယ်ပို့ဆောင်ပေးခဲ့၏။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
သို့သော်လည်း ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် ခွန်အားကြီးသောသူများဖြစ်ကြပြီး မြို့များသည် အလွန်ခိုင်ခံ့ကြီးမားပါ၏။ ထိုမျှမက အာနကအနွယ်ဝင်တို့ကိုလည်း ထိုအရပ်၌ အကျွန်ုပ်တို့တွေ့မြင်ခဲ့ပါ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
ငါတို့သည် မည်သည့်အရပ်သို့သွားနေကြသနည်း။ ညီအစ်ကိုတို့က “ထိုပြည်သားတို့သည် အကျွန်ုပ်တို့ထက်ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်ကြ၏။ မြို့များသည်လည်း ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။ ထိုမျှမက အာနကအမျိုးတို့ကိုလည်း ထိုနေရာ၌ အကျွန်ုပ်တို့တွေ့မြင်ရပါ၏”ဟု ဆိုလျက် ငါတို့ကို စိတ်ပျက်အားလျော့စေပြီ’ဟု ဆိုကြ၏။