သူတို့နေထိုင်သောပြည်သည် ကောင်းသလော၊ ဆိုးသလော။ သူတို့နေထိုင်သောမြို့တို့သည် တပ်စခန်းဖြင့်လော၊ ခိုင်ခံ့သောမြို့လော။
ထိုပြည်သည်နေထိုင်ဖွယ်ကောင်းသည်မကောင်း သည်ကိုလည်းကောင်း၊ မြို့များသည်တံတိုင်း အကာအရံရှိသည်မရှိသည်ကိုလည်း ကောင်းစုံစမ်းထောက်လှမ်းလော့။-
နေ ပြည် ကောင်း သည် ဆိုး သည် ကို လည်း ကောင်း၊ တပ် များ တွင် ဖြစ် စေ၊ ခံ မြို့ များ တွင် ဖြစ် စေ၊ အ ခြေ အ နေ ကို လည်း ကောင်း၊
သူတို့နေသောပြည်သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း။ တဲနှင့် နေကြသလော။ ခိုင်ခံ့သောမြို့နှင့် နေကြသလော။
ထို့ကြောင့် အီဂျစ်လူမျိုးတို့လက်မှ သူတို့ကိုကယ်နုတ်၍ သူတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ပြီး ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး ယေဗုသိလူမျိုး တို့နေထိုင်ရာအရပ်ဖြစ်သည့် ကောင်းမွန်ကျယ်ဝန်းသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်ရန် ငါကြွလာပြီ။
ထိုပြည်သည် မည်သို့သောပြည်ဖြစ်သနည်း၊ ထိုပြည်၌နေထိုင်သောလူမျိုးတို့သည် နည်းသလော၊ များသလော၊ အားကြီးသလော၊ အားနည်းသလော၊
ထိုပြည်သည် ကြွယ်ဝသလော၊ ဆင်းရဲသလော။ ထိုပြည်ထဲ၌ အပင်ရှိသလော၊ မရှိသလော စသည်ဖြင့် ကြည့်ရှုစစ်ဆေးရမည်။ သင်တို့သည် ရဲရင့်ခြင်းရှိရမည်။ ထိုပြည်မှ အသီးအချို့ကိုယူဆောင်လာရမည်”ဟု မှာကြားလေ၏။ ထိုအချိန်သည် စပျစ်သီး အဦးဆုံးမှည့်သောအချိန်ဖြစ်၏။