သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
တောလည် 10:36 - မြန်မာ့စံမီသမ္မာကျမ်း သေတ္တာတော်ရပ်နားသောအခါ “အို ထာဝရဘုရား၊ အစ္စရေးလူမျိုးအထောင်အသောင်းတို့ထံသို့ ပြန်လာတော်မူပါ” ဟု လျှောက်ဆိုလေ့ရှိ၏။ Common Language Bible ပဋိညာဉ်သေတ္တာတော်ရပ်နားသောအခါ``အို ထာဝရဘုရား၊ ထောင်သောင်းမကသောဣသ ရေလအမျိုးသားတို့ထံသို့ပြန်ကြွတော် မူပါ'' ဟူ၍လည်းကောင်းလျှောက်ဆိုလေ့ရှိ၏။ Garrad Bible ချ ရပ် ကြ သော အ ခါ တိုင်း လည်း အို ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး အ ထောင် အ သောင်း ရှိ ရာ သို့ ပြန် ကြွ တော် မူ ပါ ဟူ၍ လည်း ကောင်း လျှောက် တောင်း လေ့ ရှိ၏။ Judson Bible သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အိုထာဝရဘုရား၊ ဣသရေလအမျိုးသား အထောင်အသောင်းရှိရာသို့ ပြန်လာတော်မူပါဟူ၍လည်းကောင်း လျှောက်ဆိုလေ့ရှိ၏။ |
သူတို့သည် ရေဗက္ကာကိုကောင်းချီးပေးလျက် “ငါတို့နှမ၊ သင်သည် လူအထောင်အသောင်းတို့၏အမိဖြစ်လာပါစေ။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏မြို့တံခါးကို သိမ်းပိုက်နိုင်ပါစေ”ဟု ဆိုကြ၏။
အို ထာဝရဘုရား၊ ထတော်မူ၍ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော သေတ္တာတော်နှင့်အတူ ကိုယ်တော်၏ငြိမ်ဝပ်ရာအရပ်သို့ ကြွတော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် လမ်းတော်မှလမ်းလွဲစေသနည်း။ ကိုယ်တော်ကို မကြောက်ရွံ့စေရန် ကျွန်ုပ်တို့၏စိတ်ကို အဘယ်ကြောင့် ခိုင်မာစေသနည်း။ ကိုယ်တော်၏အစေအပါး၊ ကိုယ်တော်၏အမွေတော်လူမျိုးစုအတွက် ပြန်လာတော်မူပါ။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို တိုးပွားစေတော်မူသဖြင့် ယနေ့ သင်တို့သည် ကောင်းကင်ကြယ်နှင့်အမျှ များပြားကြပြီ။