တောလည် 10:16 - မြန်မာ့စံမီသမ္မာကျမ်း ဇာဗုလုန်၏သားမြေးတို့အမျိုးအနွယ်တပ်ဖွဲ့ကို ဟေလုန်၏သား ဧလျာဘ ဦးစီး၏။ Common Language Bible ဇာဗုလုန်အနွယ်ကိုဟေလုန်၏သားဧလျာဘ ကလည်းကောင်းအုပ်ချုပ်ရသည်။ Garrad Bible ဇာ ဗု လုန့် အ နွယ် သား တို့ တပ် ပေါ် တွင် ဟေ လုန့် သား ဧ လျာ ဘ တို့ ဗိုလ် လုပ် ကြ ၏။ Judson Bible ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘ အုပ်ရ၏။ |
ထို့နောက် ကိန်းဝပ်တော်မူရာတဲတော်ကို ဖြုတ်သိမ်းကြပြီး ဂေရရှုန်၏သားမြေး၊ မေရာရိ၏သားမြေးတို့သည် ကိန်းဝပ်တော်မူရာတဲတော်ကို သယ်ဆောင်ကာ ခရီးပြုကြ၏။
တတိယနေ့၌ ဇာဗုလုန်သားမြေးတို့၏ခေါင်းဆောင်၊ ဟေလုန်၏သား ဧလျာဘ ယူဆောင်လာသော ပူဇော်သက္ကာများမှာ