ကိုယ်တော်ကလည်း“လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။
တမန်တော်ဝတ္ထု 3:16 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရှင်၏နာမတော်သည် ယခုသင်တို့မြင်၍ သင်တို့သိသောဤသူအား ထိုနာမတော်ကိုယုံကြည်ခြင်းအားဖြင့် သန်စွမ်းစေပြီး ထိုအရှင်အားဖြင့် ရရှိသောယုံကြည်ခြင်းသည် သင်တို့အားလုံးရှေ့၌ သူ့ကို ပကတိစုံလင်ခြင်းပေးလေ၏။ Common Language Bible ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။'' Garrad Bible နာ မ တော် အား ယုံ ကြည် ခြင်း ဖြင့် သင် တို့ သိ မြင် သော ဤ သူ့ ကို ထို အ ရှင်၏ နာ မ တော် ပင် ကျန်း မာ စေ ပြီ။ ထို အ ရှင် ကြောင့် ရ သော ယုံ ကြည် ခြင်း သည် သင် တို့ ရှေ့ ကြန် အင် စုံ စေ လေ ပြီ။ Judson Bible ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏နာမတော်သည် သင်တို့သိမြင်သော ဤသူအား အစွမ်းကို ပေးတော်မူပြီ။ ထိုသခင်ကြောင့်ရသော ယုံကြည်ခြင်းသည် သင်တို့မျက်မှောက်တွင် ဤသူ၌စေ့စုံခြင်း အခွင့်ကိုပေး၍ရှိလေပြီ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ထိုသခင်၏ နာမတော်သည် ဤလူကို သန်စွမ်းစေတော်မူ၏။ ယခင်က ဤလူသည် ခြေမသန်စွမ်းသူဖြစ်ကြောင်း သင်တို့သိမြင်ကြ၏။ ထိုသခင်အားဖြင့် ရရှိသော ယုံကြည်ခြင်းသည်လည်း ဤခြေမသန်စွမ်းသူအား သင်တို့အားလုံးရှေ့၌ အကောင်းပကတိအတိုင်း ဖြစ်စေပြီ။ |
ကိုယ်တော်ကလည်း“လာခဲ့လော့”ဟု မိန့်တော်မူရာ ပေတရုသည် လှေမှဆင်း၍ ရေပေါ်လမ်းလျှောက်လျက် ယေရှုထံသို့သွားလေ၏။
ယေရှုသည် လှည့်ကြည့်၍ သူ့ကိုမြင်တော်မူလျှင်“သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် ကျန်းမာလာလေ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
လူသည် မောရှေ၏ပညတ်တရားကိုမချိုးဖောက်ရန် ဥပုသ်နေ့တွင် အရေဖျားလှီးခြင်းကိုခံသည်ဆိုလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို အကောင်းပကတိဖြစ်စေသည့်အတွက် ငါ့ကိုစိတ်ဆိုးရသလော။
ထိုသူသည် ပေါလုဟောပြောသည်ကို နားထောင်နေ၏။ ပေါလုသည် ထိုသူကို စေ့စေ့ကြည့်၍ အကောင်းပကတိဖြစ်ရန် သူ၌ ယုံကြည်ခြင်းရှိကြောင်း မြင်လျှင်
သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
ထိုအခါ ပေတရုက “ငါ၌ ရွှေ၊ ငွေမရှိ။ သို့သော် ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်၌ ထ၍ လမ်းလျှောက်လော့”ဟု ဆိုလျက်
သူသည် ထခုန်လျက်မတ်တတ်ရပ်ကာ လမ်းလျှောက်လေ၏။ ထို့နောက် လမ်းလျှောက်လျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ကိုချီးမွမ်းလျက် တမန်တော်တို့နှင့်အတူ ဗိမာန်တော်ထဲသို့ဝင်လေ၏။
သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့အား သိမှတ်စေလိုသည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့တင်ခဲ့သော်လည်း သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့ရှေ့တွင် အကောင်းပကတိဖြစ်လျက်ရပ်နေ၏။
တစ်ချိန်တည်းမှာပင် အနာရောဂါများကိုငြိမ်းစေရန် ကိုယ်တော်၏လက်တော်ကိုဆန့်တန်း၍ ကိုယ်တော်၏သန့်ရှင်းသောအမှုဆောင်ယေရှု၏နာမတော်ဖြင့် နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကိုပြုခွင့်ပေးတော်မူပါ”ဟု ဆုတောင်းကြ၏။
သူတို့သည် ပေတရုနှင့်ယောဟန်တို့ကို အားလုံးရှေ့၌ရပ်စေပြီးလျှင် “သင်တို့သည် မည်သည့်အာဏာ၊ မည်သည့်နာမဖြင့် ဤအမှုကို ပြုကြသနည်း”ဟု မေးမြန်းကြ၏။
၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
ငါသည် ပရောဖက်ပြုဟောပြောနိုင်သောအခွင့်ကိုရရှိ၍ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာအလုံးစုံတို့ကို နားလည်သိရှိကာ တောင်များကိုရွှေ့နိုင်သည့် ယုံကြည်ခြင်းအပြည့်အဝရှိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။