ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
တမန်တော်ဝတ္ထု 25:27 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား အကျဉ်းသားတစ်ဦးကို သူ့အပေါ်တင်ထားသည့်စွဲချက်များမပါဘဲ စေလွှတ်ခြင်းမှာ မသင့်လျော်ဟု အကျွန်ုပ်ထင်ပါသည်”ဟု ဆိုလေ၏။ Common Language Bible စွဲချက်တစ်စုံတစ်ရာကိုမဖော်ပြဘဲ အကျဉ်းသားတစ်ယောက်ကိုစေလွှတ်သော် မလျော်မသင့်ဖြစ်မည်ကျွန်ုပ်ထင်ပါသည်'' ဟုဆို၏။ Garrad Bible အ ကြောင်း မ ပြ ဘဲ အ ကျဉ်း သား တစ် ယောက် ကို ပို့ လိုက် လျှင် မ သင့် မ လျော် ကြောင်း ကျွန်ုပ် ထင် မှတ် ပါ သည် ဟု ပြော ဆို၏။ Judson Bible အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အကျဉ်းသားတစ်ဦးအား စွပ်စွဲရသည့်အကြောင်းရင်းတစ်စုံတစ်ရာကို မဖော်ပြဘဲ ပို့ပေးလိုက်ခြင်းသည် မသင့်လျော်ပါဟု ကျွန်ုပ်ယူဆပါသည်” ဟူ၍ ဆိုလေ၏။ |
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
“ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမရှိ၊ သူပြုနေသောအမှုအရာကိုလည်းမသိဘဲ စီရင်ပါမည်လော”ဟု ဆိုလျှင်
သို့ရာတွင် အရှင်ဧကရာဇ်မင်းထံ သူ့အကြောင်းရေးသားရန် တိကျသောအကြောင်းအချက် တစ်စုံတစ်ခုမျှ အကျွန်ုပ်၌မရှိပါ။ ထို့ကြောင့် ဤစစ်ဆေးမှုပြီးဆုံးသောအခါ အကျွန်ုပ်ရေးသားရန် အကြောင်းအချက်တစ်စုံတစ်ခုရရှိနိုင်မည့်အကြောင်း သူ့ကို အရှင်တို့ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပမင်းကြီး၊ အရှင့်ရှေ့၌အကျွန်ုပ်ထုတ်ဆောင်ခဲ့ပါသည်။
ထိုအခါ အဂြိပ္ပမင်းကြီးသည် ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောဆိုနိုင်ပြီ”ဟု အမိန့်ရှိသဖြင့် ပေါလုသည် လက်ကိုဆန့်၍