သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။
တမန်တော်ဝတ္ထု 25:21 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေါလုက ဧကရာဇ်မင်း၏စီရင်ဆုံးဖြတ်ခြင်းကိုခံယူသည်အထိ သူ့အားထိန်းသိမ်းထားပါရန် တောင်းဆိုသဖြင့် သူ့ကို ဆီဇာဧကရာဇ်ထံပို့သည်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်”ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။ Garrad Bible ဧ က ရာဇ် ဘု ရင့် ထံ အ ယူ တော် ခံ လို ကြောင်း ပေါ လု လျှောက် ထား သည့် အ တိုင်း ကဲ သာ မင်း ထံ မ ပို့ မ ချင်း ချုပ် ထား စေ ဟု အ မိန့် ရှိ လိုက် ပါ သည် ဟူ၍ ပြော ဆို၏။ Judson Bible ပေါလုသည် ဘုန်းကြီးတော်မူသော ဘုရင်၏အယူတော်ကို ခံလို၍ မိမိကိုချုပ်ထားစေခြင်းငှာ တောင်းပန်သောကြောင့်၊ သူ့ကိုကဲသာဘုရင်ထံတော်သို့ မစေလွှတ်မီတိုင်အောင် ချုပ်ထားစေခြင်းငှာ ကျွန်ုပ်စီရင်သည်ဟု ဖေတ္တုမင်းသည် ပြောဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေါလုက ဆီဇာဘုရင်၏အဆုံးအဖြတ်ကို ခံယူလို၍ မိမိအားအချုပ်ခန်းတွင်သာထိန်းသိမ်းထားရန် တောင်းဆိုသောကြောင့် သူ့ကိုဆီဇာဘုရင်ထံပို့မည့်အချိန်အထိ ထိန်းသိမ်းထားရန် အမိန့်ပေးထားပါသည်” ဟု ဆိုလေ၏။ |
သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။
ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။
အဂြိပ္ပမင်းကြီးကလည်း ဖေတ္တုမင်းအား “ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့လျှင် သူ့ကိုလွှတ်ပေးနိုင်သည်”ဟု ဆိုလေ၏။
သို့ရာတွင် ဂျူးလူမျိုးတို့က ကန့်ကွက်ကြသဖြင့် အကျွန်ုပ်သည် မလွဲသာ၍ ဆီဇာဧကရာဇ်ထံ အယူခံဝင်ရသည်။ အကျွန်ုပ်၏လူမျိုးကိုစွပ်စွဲရန် အကြောင်းတစ်စုံတစ်ရာရှိ၍မဟုတ်ပါ။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။