ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
တမန်တော်ဝတ္ထု 25:1 - မြန်မာ့စံမီသမ္မာကျမ်း ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။ Common Language Bible ဖေတ္တုသည်ထိုနယ်သို့ရောက်၍သုံးရက်ကြာ သောအခါ ကဲသရိမြို့မှယေရုရှလင်မြို့ သို့တက်သွား၏။- Garrad Bible သို့ ဖြစ်၍ ဖေ တ္ထု မင်း သည် ထို နယ် သို့ ဝင် လျက် သုံး ရက် ကြာ သော် ကဲ သ ရိ မြို့ မှ ယေ ရု ရှ လင် မြို့ သို့ သွား ရောက် ရာ၊ Judson Bible ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ရှိသောအခါ၊ ကဲသရိမြို့မှ ယေရုရှလင်မြို့သို့ တက်သွား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖေတ္တုမင်းသည် ထိုပြည်နယ်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့သွားလေ၏။ |
ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
ထိုနေ့ရက်များလွန်ပြီးနောက် ငါတို့သည် ထုပ်ပိုးပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။
ဘုရင်ခံသည် စာကိုဖတ်ပြီးနောက် ပေါလုအား မည်သည့်ပြည်သားဖြစ်သနည်းဟုမေး၍ ဆီလီဆီးယားပြည်သားဖြစ်ကြောင်း ကြားသိလျှင်
နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
ထိုအခါ ဖေတ္တုမင်းက ပေါလုသည် ဆီဇာရီးယားမြို့တွင် ထိန်းသိမ်းထားခြင်းခံရပြီး သူကိုယ်တိုင်လည်း မကြာမီပြန်သွားရန် ရည်ရွယ်ထားကြောင်း ဖြေကြားပြီးလျှင်
“ထို့ကြောင့် သင်တို့တွင် ဩဇာရှိသောသူတို့သည် ငါနှင့်အတူလိုက်ခဲ့၍ ထိုလူ၌ အပြစ်တစ်စုံတစ်ရာရှိလျှင် သူ့ကို စွဲဆိုကြပါစေ”ဟု ပြောဆိုလေ၏။
ထို့နောက် ရှစ်ရက်၊ ဆယ်ရက်ခန့် သူတို့ထံ၌နေပြီးမှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်သွင်းရန် အမိန့်ပေးလေ၏။
ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။