“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
တမန်တော်ဝတ္ထု 22:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အကျွန်ုပ်သည် မြေပေါ်သို့လဲကျသွားရာ‘ရှောလု၊ ရှောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း’ဟု အကျွန်ုပ်အားပြောသောအသံကို ကြားရပါသည်။ Common Language Bible အကျွန်ုပ်သည်မြေပေါ်သို့လဲကျနေစဉ် `ရှောလု၊ ရှောလု၊ သင်သည်အဘယ်ကြောင့်ငါ့ကိုနှိပ်စက် ညှဉ်းဆဲသနည်း' ဟူသောအသံကိုကြားရ ပါ၏။- Garrad Bible မှောက် လဲ ရာ၊ ရှော လု၊ ရှော လု၊ ငါ့ ကို အ ဘယ် ကြောင့် ညှဉ်း ပန်း သ နည်း ဟူ သော ဗျာ ဒိတ် တော် သံ ကို ကြား လျှင်၊ Judson Bible အကျွန်ုပ်သည် မြေပေါ်မှာလဲ၍ နေစဉ်၊ ရှောလု၊ ရှောလု၊ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲသနည်းဟု အကျွန်ုပ်အား ပြောသောစကားသံကိုကြားလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကျွန်ုပ်သည် မြေပြင်ပေါ်သို့ လဲကျရာ ‘ရှောလု… ရှောလု… ငါ့ကို အဘယ်ကြောင့် ညှဉ်းပန်းနှိပ်စက်သနည်း’ ဟု ကျွန်ုပ်အား ပြောဆိုသောစကားသံကို ကြားရ၏။ |
“စာရဲ၏ကျွန်မ ဟာဂရ၊ သင်သည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်နည်း”ဟု မေးလေ၏။ သူကလည်း “ကျွန်မသည် ကျွန်မ၏သခင်မ စာရဲထံမှထွက်ပြေးလာပါသည်”ဟု ဖြေလေ၏။
ထို့နောက်တွင် ဘုရားသခင်သည် အာဗြဟံကိုစမ်းသပ်တော်မူ၏။ ကိုယ်တော်က “အာဗြဟံ”ဟု ခေါ်တော်မူလျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အာဗြဟံ၊ အာဗြဟံ”ဟု ကောင်းကင်မှခေါ်လျှင် အာဗြဟံက “အကျွန်ုပ်ရှိပါ၏”ဟု ပြန်လျှောက်၏။
ထာဝရအရှင်ဘုရားသခင်က လူကိုခေါ်၍ “သင်သည် အဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။
ချုံပုတ်ကိုကြည့်ရန် မောရှေသွားသည်ကို ထာဝရဘုရားမြင်တော်မူ၏။ ဘုရားသခင်က “မောရှေ၊ မောရှေ”ဟု ချုံပုတ်ထဲမှခေါ်လျှင် မောရှေက “အကျွန်ုပ်ရှိပါသည်”ဟု ထူးလေ၏။
ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။
ထို့ကြောင့် ငါသည် သင်တို့ကို စွဲချက်တင်မည်။ သင်တို့၏သားမြေးတို့ကိုလည်း စွဲချက်တင်မည်”ဟု မိန့်တော်မူ၏။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ဤအငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့မပြုခဲ့သမျှသည် ငါ့ကိုမပြုခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။
သို့သော် အကျွန်ုပ်ခရီးသွား၍ ဒမတ်စကပ်မြို့အနီးသို့ရောက်သောအခါ မွန်းတည့်ချိန်ခန့်၌ ကောင်းကင်မှ အလွန်တောက်ပသောအလင်းသည် အကျွန်ုပ်ပတ်လည်၌ ရုတ်တရက်ထွန်းတောက်ခဲ့ပါသည်။
အကျွန်ုပ်က ‘သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်း’ဟု မေးလျှင်‘ငါသည် သင်ညှဉ်းဆဲသော နာဇရက်မြို့သားယေရှုဖြစ်၏’ဟု အကျွန်ုပ်အား မိန့်တော်မူခဲ့ပါသည်။
သူသည် မြေပေါ်သို့လဲကျသွားရာ“ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု သူ့အားပြောသောအသံကိုကြားရ၏။
ငါသည် ယခင်က စော်ကားပြောဆိုသောသူ၊ ညှဉ်းဆဲသောသူ၊ မိုက်ရိုင်းသောသူဖြစ်ခဲ့သော်လည်း ယုံကြည်ခြင်းမရှိစဉ် မသိနားမလည်ဘဲ ထိုသို့ပြုခဲ့သည်ဖြစ်၍ ကရုဏာတော်ကိုခံစားရ၏။
ထာဝရဘုရားသည် ကြွလာ၍ရပ်တော်မူလျက် “ရှမွေလ၊ ရှမွေလ”ဟု ယခင်ကကဲ့သို့ ခေါ်တော်မူလျှင် ရှမွေလက “အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏အစေအပါး နာခံလျက်ရှိပါ၏”ဟု ပြန်လျှောက်လေ၏။