ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိလူတို့နှင့်အတူ ခရီးဆက်စဉ် ရှိမိသည်လည်း တစ်ဖက်တောင်စောင်းတစ်လျှောက်မှ လိုက်လာရင်း ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲ၏၊ ခဲနှင့် ပေါက်၏၊ မြေမှုန့်နှင့်လည်း ပက်၏။
တမန်တော်ဝတ္ထု 22:23 - မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ထိုသို့အော်ဟစ်လျက် အဝတ်များကိုဝှေ့ယမ်းကာ မြေမှုန့်ကို လေထဲသို့ပစ်လွှင့်ကြစဉ် Common Language Bible သူတို့သည်ဝတ်လုံများကိုဝှေ့ရမ်းကာမြေ မှုန့်ကို မိုးကောင်းကင်သို့ပစ်လွှင့်လျက်အော် ဟစ်ကြ၏။- Garrad Bible ခြုံ ထည် မြှောက် ခါ ခြင်း၊ ဖုတ် လွှင့် ခြင်း များ ကို ပြု ကြ သ ဖြင့်၊ Judson Bible ထိုသို့အော်ဟစ်ခြင်း၊ ကိုယ်အဝတ်ကိုချွတ်ခြင်း၊ မြေမှုန့်ကို မိုးကောင်းကင်သို့ ပစ်လိုက်ခြင်းကို ပြုကြစဉ်တွင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် အော်ဟစ်လျက် မိမိတို့၏ဝတ်ရုံများကို ချွတ်၍ လွှင့်ပစ်ကာ မြေမှုန့်များကို လေထဲ၌ ကြဲဖြန့်ကြ၏။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိလူတို့နှင့်အတူ ခရီးဆက်စဉ် ရှိမိသည်လည်း တစ်ဖက်တောင်စောင်းတစ်လျှောက်မှ လိုက်လာရင်း ဒါဝိဒ်မင်းကြီးကို ကျိန်ဆဲ၏၊ ခဲနှင့် ပေါက်၏၊ မြေမှုန့်နှင့်လည်း ပက်၏။
မိုက်မဲသောသူသည် လမ်း၌လျှောက်သွားစဉ်တွင်ပင် အသိစိတ်ကင်းမဲ့၍ မိမိသည်မိုက်မဲသောသူဖြစ်ကြောင်း လူအပေါင်းတို့ရှေ့၌ဖော်ပြတတ်၏။
ဂါလိလဲပင်လယ်ကမ်းနားတွင် လမ်းလျှောက်တော်မူစဉ် ညီအစ်ကိုနှစ်ဦးဖြစ်သော ရှိမုန်ဟုခေါ်သည့်ပေတရုနှင့် သူ၏ညီအန္ဒြေတို့သည် တံငါသည်များဖြစ်၍ ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။
ဝတ်ပြုစည်းဝေးကျောင်းတိုင်းတွင်လည်း သူတို့ကို မကြာခဏပြစ်ဒဏ်ပေးလျက် ဘုရားသခင်ကိုစော်ကားပြောဆိုကြရန် အတင်းအကျပ်စေခိုင်းခဲ့ပါသည်။ ထိုမျှမက သူတို့အပေါ် အလွန်ဒေါသထွက်၍ တိုင်းတစ်ပါးမြို့များသို့တိုင်အောင် သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
သင်တို့သည် ကောင်းကင်တမန်များအားဖြင့် ပြဋ္ဌာန်းထားသောပညတ်တရားကို ရရှိသော်လည်း ၎င်းကိုစောင့်ထိန်းခြင်းမရှိကြ”ဟု ဆိုလေ၏။
သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီးလျှင် ခဲနှင့်ပေါက်ကြ၏။ သက်သေတို့သည် မိမိတို့၏အဝတ်များကို ရှောလုဟုခေါ်သော လူငယ်တစ်ဦး၏ခြေရင်း၌ ချထားကြ၏။