လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
တမန်တော်ဝတ္ထု 22:19 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်းတစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။ Common Language Bible အကျွန်ုပ်က `သခင်ဘုရား၊ တရားဇရပ်တစ်ခု မှတစ်ခုသို့သွား၍ အရှင့်ကိုယုံကြည်ကြသူ တို့အားဖမ်းဆီးရိုက်နှက်သူမှာ အကျွန်ုပ်ပင် ဖြစ်ကြောင်းထိုသူတို့သိကြပါ၏။- Garrad Bible ငါ က အ ရှင် ဘု ရား၊ ကိုယ် တော့် အား ယုံ ကြည် သူ တို့ ကို အ ကျွန်ုပ် သည် ထောင် ချ လျက် ဓ မ္မာ ရုံ တိုင်း တွင် ရိုက် ဒဏ် ခတ် သည် ကို လည်း ကောင်း၊ Judson Bible အကျွန်ုပ်ကလည်း၊ သခင်၊ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို အကျွန်ုပ်ထောင်ထဲ၌ လှောင်ထား၍၊ တရားဇရပ်များ၌ ရိုက်သည်အကြောင်းကို သူတို့သိကြပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်က ‘သခင်ဘုရား… အကျွန်ုပ်သည် ဂျူးဝတ်ပြုဆောင်တစ်ခုမှတစ်ခုသို့ သွား၍ အရှင့်ကို ယုံကြည်သောသူတို့အား ထောင်ချကာ ရိုက်နှက်ကြောင်းကို သူတို့သိကြပါ၏။ |
လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို တရားရုံးသို့အပ်နှံလျက် သူတို့၏ဝတ်ပြုစည်းဝေးကျောင်းများ၌ သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။
အကျွန်ုပ်သည် ဤလမ်းစဉ်ကိုလိုက်သောသူတို့အား အသေသတ်သည်အထိ ညှဉ်းဆဲခဲ့၍ ယောက်ျား၊ မိန်းမတို့ကို ချည်နှောင်လျက် ထောင်ထဲသို့ပို့ခဲ့ပါသည်။
ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားမိန်းမတို့ကိုဆွဲထုတ်ကာ ထောင်ထဲသို့ပို့လျက် အသင်းတော်ကို လိုက်၍ဖျက်ဆီးလေ၏။
ရှောလုသည် သခင်ဘုရား၏တပည့်တော်တို့ကို ခြိမ်းခြောက်၍သတ်ဖြတ်ရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသေး၏။ သူသည် ယဇ်ပုရောဟိတ်မင်းထံသို့ ချဉ်းကပ်လျက်