လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။
တမန်တော်ဝတ္ထု 21:34 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်ဟစ်နေကြ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည် အဖြစ်မှန်ကိုမသိနိုင်သဖြင့် ပေါလုကို စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ Common Language Bible လူပရိသတ်တို့ကသူတစ်မျိုးငါတစ်ဖုံဟစ် အော်ပြောဆိုကြ၏။ ထိုဆူညံသံများကြောင့် တပ်မှူးသည်အဖြစ်မှန်ကိုမသိနိုင်ရကား ပေါလုကိုတပ်စခန်းရဲတိုက်ထဲသို့ခေါ် ဆောင်သွားရန်အမိန့်ပေးလေ၏။- Garrad Bible လူ စု ထဲ မှ အ ချို့ က တစ် နည်း၊ အ ချို့ က တစ် မျိုး၊ အော် ဟစ် ဆူ ညံ လျက် ရှိ သော ကြောင့် တပ် ရာ မ သိ နိုင် သည့် အ တွက် ပေါ လု ကို ခံ မြို့ တွင်း သို့ သွင်း ထား စေ ရန် အ မိန့် ရှိ ၏။ Judson Bible လူအစုအဝေးထဲ၌ အသီးသီးအခြားခြားဟစ်ကြော်၍ အသံများသောကြောင့်၊ စစ်သူကြီးသည် အမှန်ကိုမသိနိုင်သဖြင့်၊ ပေါလုကိုရဲတိုက်ထဲသို့ ဆောင်သွားစေခြင်းငှာ စီရင်ပြန်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည်အဖြစ်မှန်ကို မသိနိုင်ပေ။ ထို့ကြောင့် ပေါလုကို တပ်စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။ |
လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။
သူ့ကို စခန်းထဲသို့ခေါ်ဆောင်သွားမည်ပြုစဉ်တွင် ပေါလုသည် တပ်မှူးကြီးအား “သင်နှင့်အနည်းငယ် အကျွန်ုပ်စကားပြောခွင့်ရမည်လော”ဟု ဆို၏။ တပ်မှူးကြီးကလည်း “သင်သည် ဂရိစကားကိုပြောတတ်သလော။
တပ်မှူးကြီးသည် ပေါလုကို စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေး၍ လူတို့သည် အဘယ်ကြောင့် သူ့ကိုဆန့်ကျင်လျက် ထိုသို့အော်ဟစ်ကြသည်ကို သိရှိရန်အတွက် သူ့ကိုကြိမ်ဒဏ်ပေး၍ စစ်ဆေးကြရန် ညွှန်ကြားလေ၏။
နောက်တစ်နေ့တွင် တပ်မှူးကြီးသည် ဂျူးလူမျိုးတို့၏စွပ်စွဲခြင်းကို ပေါလုအဘယ်ကြောင့်ခံနေရသည်ကို အတိအကျသိလိုသဖြင့် ပေါလုကို အချည်အနှောင်မှဖြေပေးကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်တစ်ခုလုံးအား စုဝေးကြရန် အမိန့်ပေးပြီးလျှင် ပေါလုကိုခေါ်ဆောင်လာ၍ သူတို့ရှေ့၌ရပ်စေ၏။
သဘောထားကွဲလွဲမှုပြင်းထန်လာ၍ သူတို့သည် ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို တပ်မှူးကြီးသည် စိုးရိမ်သဖြင့် စစ်သားများအား ဆင်းသွား၍ ပေါလုကို သူတို့ထံမှ အတင်းခေါ်ဆောင်လာပြီး စခန်းထဲသို့ခေါ်သွားရန် အမိန့်ပေးလေ၏။
သို့သော် ပေါလုနှမ၏သားသည် ထိုချောင်းမြောင်းသတ်ဖြတ်မည့်အစီအစဉ်ကိုကြားလျှင် စခန်းထဲသို့ဝင်၍ ပေါလုအား ပြောပြလေ၏။
နောက်တစ်နေ့တွင် မြင်းတပ်သားတို့ကို ပေါလုနှင့်အတူခရီးဆက်သွားစေ၍ သူတို့သည် စခန်းသို့ပြန်လာကြ၏။
သို့ရာတွင် အရှင်ဧကရာဇ်မင်းထံ သူ့အကြောင်းရေးသားရန် တိကျသောအကြောင်းအချက် တစ်စုံတစ်ခုမျှ အကျွန်ုပ်၌မရှိပါ။ ထို့ကြောင့် ဤစစ်ဆေးမှုပြီးဆုံးသောအခါ အကျွန်ုပ်ရေးသားရန် အကြောင်းအချက်တစ်စုံတစ်ခုရရှိနိုင်မည့်အကြောင်း သူ့ကို အရှင်တို့ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပမင်းကြီး၊ အရှင့်ရှေ့၌အကျွန်ုပ်ထုတ်ဆောင်ခဲ့ပါသည်။