သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 21:32 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ချက်ချင်းပင် စစ်သားတို့နှင့်တပ်မှူးတို့ကိုခေါ်၍ သူတို့ထံသို့ ပြေးဆင်းလာ၏။ လူတို့သည် တပ်မှူးကြီးနှင့်စစ်သားများကိုမြင်လျှင် ပေါလုကိုရိုက်နှက်နေခြင်းမှ ရပ်တန့်ကြ၏။ Common Language Bible ချက်ချင်းပင်စစ်သားများနှင့်တပ်ခွဲမှူးများ ကိုခေါ်၍ လူပရိသတ်ရှိရာသို့အပြေးလာ ခဲ့၏။ လူတို့သည်တပ်မှူးနှင့်စစ်သားများကို မြင်သောအခါပေါလုကိုမရိုက်ဘဲနေကြ၏။- Garrad Bible စစ် သည် တို့ နှင့် တပ် မှူး တို့ ကို ချက် ခြင်း ခေါ်၍ အ မြန် ချီ ဝင် ရာ ဗိုလ် ချုပ် နှင့် စစ် သည် တို့ ကို ထို သူ တို့ မြင် သော် ပေါ လု ကို အ ရိုက် ရပ် စဲ ကြ ၏။ Judson Bible စစ်သူရဲများနှင့် တပ်မှူးတို့ကို အလျင်အမြန်ခေါ်၍ ထိုသူတို့ရှိရာသို့ဆင်းပြေး၏။ ထိုသူတို့သည် စစ်သူကြီးနှင့် စစ်သူရဲတို့ကို မြင်လျှင်၊ ပေါလုကို မရိုက်ဘဲနေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပ်မှူးကြီးသည် စစ်သားများနှင့် တပ်မှူးများကို ချက်ချင်းခေါ်၍ လူထုပရိသတ်ထံသို့ ပြေးဆင်းသွားလေ၏။ လူထုသည် တပ်မှူးကြီးနှင့်စစ်သားတို့ကို တွေ့မြင်သောအခါ ပေါလုကိုရိုက်နှက်နေရာမှ ရပ်တန့်သွားကြ၏။ |
သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
ထိုအခါ လူအပေါင်းတို့သည် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံသုဿင်ကို ဖမ်းဆီး၍ တရားခွင်ရှေ့၌ ရိုက်နှက်ကြ၏။ သို့ရာတွင် ဂါလျုန်သည် ထိုအမှုများကို ဂရုမစိုက်ဘဲနေ၏။
အကျွန်ုပ်ကလည်း ‘သခင်ဘုရား၊ အကျွန်ုပ်သည် ဝတ်ပြုစည်းဝေးကျောင်းတစ်ခုပြီးတစ်ခုသွား၍ ကိုယ်တော်ကိုယုံကြည်သောသူတို့အား ရိုက်နှက်လျက် ထောင်ချခဲ့သည်ကို သူတို့သိကြပါ၏။
ဂျူးလူမျိုးတို့သည် ဤသူကိုဖမ်းဆီး၍ သတ်မည်ပြုစဉ် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း ကြားသိရသဖြင့် အကျွန်ုပ်သည် စစ်သားများနှင့်အတူသွား၍ သူ့ကို ကယ်ခဲ့ပါသည်။
သူသည် ဗိမာန်တော်ကိုလည်း မတော်မလျော်ပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီးခဲ့ပါသည်။
ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။