အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
တမန်တော်ဝတ္ထု 21:16 - မြန်မာ့စံမီသမ္မာကျမ်း ဆီဇာရီးယားမြို့မှ တပည့်တော်အချို့တို့သည်လည်း ငါတို့နှင့်အတူလိုက်ပါ၍ ငါတို့တည်းခိုရန်စီစဉ်ထားသည့် ကနဦးတပည့်တော်ဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်ထံသို့ ခေါ်သွားကြ၏။ Common Language Bible ကဲသရိမြို့မှတပည့်တော်အချို့တို့သည် ကျွန်ုပ်တို့နှင့်အတူလိုက်ခဲ့ပြီးလျှင် ကျွန်ုပ်တို့ အားကုပရုကျွန်းသားတပည့်တော်ဟောင်း တစ်ဦးဖြစ်သူမနာသုန်၏အိမ်သို့တည်းခို ရန်ခေါ်သွားကြ၏။ Garrad Bible ငါ တို့ ကို ဧည့် ခံ မည့် သူ ကု ပ ရု ကျွန်း သား တ ပည့် တော် ဟောင်း မ နာ သုန် ဆို သူ့ အိမ် ရောက် ကဲ သ ရိ မြို့ က တ ပည့် တော် အ ချို့ လိုက် ပို့ ကြ ၏။ Judson Bible ကဲသရိမြို့သားတပည့်တော်အချို့တို့သည် ငါတို့နှင့်အတူလိုက်ကြ၍၊ ငါတို့ကိုဧည့်ခံမည့်သူ မနာသုန် အမည်ရှိသော ကုပရုကျွန်းသား အသက်ကြီးသော တပည့်တော်ဆီသို့ ပို့ဆောင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆီဇာရီးယားမြို့မှ တပည့်တော်တချို့သည်လည်း ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာကြပြီး သူတို့က တပည့်တော်ဟောင်းတစ်ဦးဖြစ်သော ဆိုက်ပရပ်ကျွန်းသား မနာသုန်၏အိမ်သို့ တည်းခိုရန် ခေါ်သွားကြ၏။ |
အိုမင်းသောအရွယ်၌ပင် ဆက်၍အသီးသီးလျက်၊ စိမ်းလန်းစိုပြည်လျက်ရှိခြင်းအားဖြင့်
ဖြူသောဆံပင်သည် အသရေရှိသောသရဖူဖြစ်၍ ဖြောင့်မတ်စွာပြုမူကျင့်ကြံခြင်းအားဖြင့် ၎င်းကိုရရှိနိုင်၏။
နောက်တစ်နေ့၌ သူသည် ဆီဇာရီးယားမြို့သို့ ရောက်လေ၏။ ကော်နေလိသည် မိမိ၏ဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများကို စုရုံးထားလျက် သူတို့ကိုစောင့်မျှော်နေ၏။
ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြရန် သူတို့အား ညွှန်ကြားလေ၏။ ထို့နောက် သူတို့သည် ပေတရုအား ရက်အနည်းငယ်မျှ ဆက်၍နေရန် တောင်းပန်ကြ၏။
သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။
များစွာငြင်းခုံဆွေးနွေးကြပြီးနောက် ပေတရုသည် ထ၍ “ညီအစ်ကိုတို့၊ လူမျိုးခြားတို့သည် ငါ၏နှုတ်အားဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့်တရားစကားကိုကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် လွန်ခဲ့သည့်အချိန်က သင်တို့အထဲမှ ငါ့ကို ရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။
နောက်တစ်နေ့တွင် ထွက်ခွာ၍ ဆီဇာရီးယားမြို့သို့ရောက်ပြီးလျှင် ရွေးကောက်ခံရသူခုနစ်ဦးထဲမှ တစ်ဦးဖြစ်သည့်ကောင်းမြတ်သောသတင်းဟောပြောသူ ဖိလိပ္ပု၏အိမ်သို့ဝင်၍ သူ့ထံ၌တည်းခိုကြ၏။
နှစ်သိမ့်ခြင်း၏သားဟူသောအဓိပ္ပာယ်ရှိသည့် ဗာနဗဟု တမန်တော်တို့ခေါ်ကြသော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည်
ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။
ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။
ချစ်ခြင်းမေတ္တာအားဖြင့် သင့်အား တောင်းပန်ခြင်းအမှုကိုသာပြုပါ၏။ ဤသို့ အိုမင်းသူဖြစ်ပြီး ယခုမူကား ခရစ်တော်ယေရှုနှင့်ဆိုင်သောအကျဉ်းသားလည်းဖြစ်သည့် ငါပေါလုသည်