ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
တမန်တော်ဝတ္ထု 21:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်များလွန်ပြီးနောက် ငါတို့သည် ထုပ်ပိုးပြင်ဆင်လျက် ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။ Common Language Bible ရက်အနည်းငယ်ကြာသော်ကျွန်ုပ်တို့သည်ပစ္စည်း များကိုထုပ်ပိုး၍ ယေရုရှလင်မြို့သို့ခရီး ဆက်ကြ၏။- Garrad Bible ထို နောက် ငါ တို့ သည် ခ ရီး ရိ က္ခာ ကို ယူ ၍ ယေ ရု ရှ လင် မြို့ သို့ သွား ကြ စဉ်၊ Judson Bible ထိုနောက်မှ ငါတို့သည် အသုံးအဆောင်များကို ပြင်ဆင်၍ ယေရုရှလင်မြို့သို့ သွားကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေ့ရက်များလွန်ပြီးနောက် ကျွန်ုပ်တို့သည် ပစ္စည်းများကို အသင့်ပြင်ဆင်၍ ဂျေရုဆလင်မြို့သို့ တက်သွားကြ၏။ |
ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ထိုစကားကိုကြားလျှင် ငါတို့နှင့်ဒေသခံတို့သည် ပေါလုအား ဂျေရုဆလင်မြို့သို့တက်မသွားရန် တောင်းပန်ကြ၏။
ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။
ထို့နောက် ရှစ်ရက်၊ ဆယ်ရက်ခန့် သူတို့ထံ၌နေပြီးမှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ နောက်တစ်နေ့တွင် တရားခွင်၌ထိုင်လျက် ပေါလုကိုခေါ်သွင်းရန် အမိန့်ပေးလေ၏။
ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။