အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
တမန်တော်ဝတ္ထု 21:14 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သူ့ကိုဖျောင်းဖျ၍မရသဖြင့် “သခင်ဘုရား၏အလိုတော်အတိုင်းဖြစ်ပါစေ”ဟု ဆိုလျက် တိတ်ဆိတ်သွားကြ၏။ Common Language Bible ပေါလုအားတောင်းပန်၍မရသောအခါ ကျွန်ုပ် တို့သည် ``သခင်ဘုရား၏အလိုတော်အတိုင်း ပင်ဖြစ်ပါစေသော'' ဟုဆိုကာလက်လျှော့လိုက် ကြ၏။ Garrad Bible ငါ တို့ သွေး ဆောင်၍ မ ရ သော် အ ရှင် ဘု ရား၏ အ လို တော် အ တိုင်း ဖြစ် ပါ စေ ဟု ဆို လျက် ဝန် ခံ ရ ကြ ၏။ Judson Bible ထိုသို့သွေးဆောင်ခြင်းသို့ မလိုက်သောအခါ ငါတို့သည် မသွေးဆောင်ဘဲနေ၍၊ သခင်ဘုရား အလိုတော်ရှိသည်အတိုင်း ဖြစ်ပါစေဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ပေါလုအား တောင်းပန်ပြောဆို၍ မရသောအခါ တိတ်ဆိတ်စွာ နေလျက် “ဘုရားသခင်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေ” ဟု ဆိုကြ၏။ |
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သင်တို့ကို သနားစုံမက်တော်မူ၍ ထိုသူသည် သင်တို့၏ညီအစ်ကိုရှိမောင်နှင့်ဗင်္ယာမိန်ကို သင်တို့နှင့်အတူပြန်လွှတ်ပေးပါစေသော။ ငါသည် သားများကိုဆုံးရှုံးလျှင်လည်း ဆုံးရှုံးရပါတော့မည်”ဟု ဆိုလေ၏။
ဟေဇကိမင်းကြီးက “အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်းချမ်းလုံခြုံမည်ဆိုလျှင် ရပါပြီ”ဟုတွေး၍ ဟေရှာယအား “သင်ဆင့်ဆိုသော ထာဝရဘုရား၏စကားတော်သည် ကောင်းပါ၏”ဟု မိန့်ဆိုလေ၏။
ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
နိုင်ငံတော်ပေါ်ထွန်းပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေသော။
ကိုယ်တော်ကလည်း“သင်တို့ဆုတောင်းကြသောအခါ ‘အဖ၊ ကိုယ်တော်၏နာမတော်သည် ရိုသေလေးမြတ်ခြင်းခံရပါစေသော။ နိုင်ငံတော်ပေါ်ထွန်းပါစေသော။
“အို အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ ဖယ်ရှားပေးတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
ရုသက မိမိနှင့်အတူလိုက်ရန် အခိုင်အမာစိတ်ပိုင်းဖြတ်ထားကြောင်း နောမိ သိမြင်လျှင် ရုသအား ထပ်မတိုက်တွန်းတော့ချေ။
ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။