ရောမနိုင်ငံသားများဖြစ်ကြသောအကျွန်ုပ်တို့ လက်မခံအပ်၊ မကျင့်သုံးအပ်သော ဓလေ့ထုံးစံများကို ဟောပြောနေကြပါသည်”ဟု ဆိုကြ၏။
ကျွန်တော်တို့တရားဥပဒေများနှင့် ဆန့်ကျင် သောထုံးတမ်းစဉ်လာများကိုသွန်သင်နေကြ ပါသည်။ ရောမအမျိုးသားများအနေဖြင့် ကျွန်ုပ်တို့သည် ထိုထုံးတမ်းစဉ်လာများကို လက်မခံနိုင်၊ မကျင့်သုံးနိုင်ပါ'' ဟုလျှောက် ထားကြ၏။-
ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင်တတ်ပါ၏ဟု လျှောက်ဆိုကြလျှင်၊-
ရောမလူမျိုးတို့ မကျင့်သုံးအပ်သော ထုံးတမ်းစဉ်လာများကိုလည်း ဟောပြောကြပါ၏” ဟု ဆိုကြ၏။
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
အကြောင်းမူကား လူမျိုးတို့၏ဓလေ့စရိုက်တို့သည် အချည်းနှီးဖြစ်၏။ သူတို့သည် တောထဲမှသစ်ပင်ကိုခုတ်၍ လက်မှုပညာသည်တို့သည် ပုဆိန်ဖြင့်ထွင်းထု၏။
ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။
ထိုမြို့မှတစ်ဆင့် ဖိလိပ္ပိမြို့သို့ သွားကြ၏။ ဖိလိပ္ပိမြို့သည် မာကေဒေါနိပြည်၏ထိုအပိုင်းတွင် အဓိကမြို့ဖြစ်ပြီး ရောမလက်အောက်ခံမြို့လည်း ဖြစ်၏။ ငါတို့သည် ထိုမြို့တွင် ရက်အတန်ကြာနေကြ၏။
အုပ်ချုပ်ရေးအရာရှိများထံ ရောက်ကြသောအခါ “ဤသူတို့သည် ဂျူးလူမျိုးဖြစ်ကြပြီး အကျွန်ုပ်တို့၏မြို့ကို အလွန်မငြိမ်မသက်ဖြစ်စေ၍
အထူးသဖြင့် အရှင်မင်းကြီးသည် ဂျူးလူမျိုးတို့၏ဓလေ့ထုံးစံနှင့် ပြဿနာအလုံးစုံတို့ကို သိကျွမ်းသူဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အကျွန်ုပ်၏လျှောက်ထားချက်ကို စိတ်ရှည်စွာနားထောင်ပေးပါရန် အကျွန်ုပ်တောင်းပန်ပါသည်။