ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွားကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။
စေတမန်တို့အားစေလွှတ်သဖြင့် သူတို့သည် အန္တိအုတ်မြို့သို့သွား၍ယုံကြည်သူအပေါင်း တို့အား စုဝေးစေပြီးလျှင်အမှာစာကိုပေး အပ်ကြ၏။-
ထို သို့ လွှတ် လိုက် ကြ သော သူ တို့ သည် အ န္တိ အုတ် မြို့ သို့ ရောက်၍ လူ ပ ရိ သတ် စု ရုံး စေ ပြီး လျှင် ထို စာ ကို ပေး အပ် ကြ သည့် အ တိုင်း၊
ထိုသူတို့သည် သွားရသော အခွင့်ရှိသဖြင့်၊ အန္တိအုတ်မြို့သို့ သွား၍၊ လူအပေါင်းတို့ကို စုဝေးစေပြီးလျှင် မှာစာကိုအပ်ပေးကြ၏။-
ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ သွား၍ ယုံကြည်သူတို့ကို စုဝေးစေပြီးလျှင် စာလွှာကို ပေးအပ်ကြ၏။
သတေဖန်နှင့်ဆက်စပ်၍ ဖြစ်ပေါ်လာသည့်နှိပ်စက်ခြင်းကြောင့် ကွဲလွင့်သွားကြသောသူတို့သည် ဖိုနီးရှားနယ်မှစ၍ ဆိုက်ပရပ်ကျွန်းနှင့် အန္တိအုတ်မြို့အထိ ရောက်သွားကြ၏။ သူတို့သည် ဂျူးလူမျိုးတို့မှတစ်ပါး မည်သူ့ကိုမျှ နှုတ်ကပတ်တရားကိုမဟောပြောကြချေ။
သို့သော် ထိုသူတို့တွင် ဆိုက်ပရပ်ကျွန်းနှင့်ကုရေနေမြို့မှ လူအချို့တို့ပါ၍ သူတို့သည် အန္တိအုတ်မြို့သို့သွားပြီးလျှင် ဂရိစကားပြောသောသူတို့နှင့်စကားပြောလျက် သခင်ယေရှုအကြောင်းကို ဟောပြောကြ၏။
ထိုနေ့ရက်များ၌ ပရောဖက်တို့သည် ဂျေရုဆလင်မြို့မှ အန္တိအုတ်မြို့သို့ ဆင်းလာကြ၏။
ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။
သူတို့သည် ထိုစာကိုဖတ်ကြသောအခါ ၎င်း၌ပါသော တိုက်တွန်းအားပေးမှုကြောင့် ဝမ်းမြောက်ကြ၏။
ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။
သို့ဖြစ်၍ မည်သို့ပြုကြမည်နည်း။ သင်ရောက်ရှိနေကြောင်း သူတို့ကြားကြမည်သေချာ၏။
မြင်းတပ်သားတို့သည် ဆီဇာရီးယားမြို့သို့ရောက်လျှင် စာကို ဘုရင်ခံအားပေးအပ်ကာ ပေါလုကိုလည်း သူ့ထံသို့အပ်ကြ၏။
ထိုအခါ တမန်တော်တစ်ဆယ့်နှစ်ပါးတို့သည် တပည့်တော်အစုအဝေးကိုခေါ်ပြီးလျှင် “ငါတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုပစ်ထား၍ ကျွေးမွေးခြင်းအမှုကိုမဆောင်ရွက်သင့်ပေ။