ငါ၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားဖို့ရန် လူမျိုးတော်ကို ငါပုံဖော်ဖန်ဆင်းခဲ့၏။
တမန်တော်ဝတ္ထု 15:14 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် မိမိနာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူမျိုးတော်ကိုရယူရန် သူတို့ထံ ဦးစွာအကြည့်အရှုကြွလာတော်မူကြောင်း ရှိမုန်က ပြောပြခဲ့ပြီ။ Common Language Bible ဘုရားသခင်သည်ရှေးဦးစွာလူမျိုးခြားတို့ အနက်အချို့သောသူတို့ကို မိမိ၏လူစု တော်ဝင်များဖြစ်စေရန်ရွေးထုတ်ခြင်းအား ဖြင့် သူတို့ကိုဂရုစိုက်တော်မူကြောင်းရှိမုန် ရှင်းပြခဲ့ပြီ။- Garrad Bible ဘု ရား သ ခင် သည် နာ မ တော် ဖြင့် သ မုတ် ခံ ရ မည့် လူ စု ကို လူ မျိုး ခြား တို့ အ နက် ရွေး ကောက် ရန် အ ထက် ကြည့် ရှု တော် မူ ကြောင်း ရှိ မုန် ပြန် ကြား လေ ပြီ။ Judson Bible ဘုရားသခင်သည် မိမိနာမအဖို့၊ တစ်ပါးအမျိုးသားတို့ အထဲက အချို့သောသူတို့ကို နုတ်ယူခြင်းငှာ၊ ရှေ့ဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည် အကြောင်းအရာကို ရှိမုန်သည် ဟောပြောခဲ့ပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မိမိအမည်နာမတော်အတွက် လူမျိုးခြားများထဲမှ လူများကို ရွေးချယ်ရန် ထိုသူတို့ထံ ဦးစွာ အကြည့်အရှုကြွတော်မူကြောင်း ပေတရုဟောပြောခဲ့၏။ |
ငါ၏ဂုဏ်ကျေးဇူးတော်ကို ပြောကြားဖို့ရန် လူမျိုးတော်ကို ငါပုံဖော်ဖန်ဆင်းခဲ့၏။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးတော်ကို အကြည့်အရှုကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကိုပြုတော်မူပြီး
ဤအပြစ်များခွင့်လွှတ်ခြင်းကျေးဇူးသည် ငါတို့ဘုရားသခင်၏အကြင်နာကရုဏာတော်ကြောင့် သက်ရောက်လာသည်ဖြစ်၍ ထိုကရုဏာတော်အားဖြင့် အထက်ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သက်ရောက်ပြီး
ထိုအခါ၌ ဂျေရုဆလင်မြို့တွင် ရှိမောင်အမည်ရှိသောလူတစ်ဦးရှိ၏။ သူသည် ဘုရားတရားကြည်ညို၍ ဖြောင့်မတ်သောသူဖြစ်ပြီး အစ္စရေးလူမျိုးခံစားရမည့်နှစ်သိမ့်မှုကို စောင့်မျှော်နေသူဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌တည်သည်ဖြစ်၍
ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
အကြောင်းမူကား အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာလအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်။
ယေရှုခရစ်တော်၏အစေအပါးနှင့်တမန်တော်ဖြစ်သောငါရှိမုန်ပေတရုသည် ငါတို့ဘုရားသခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ဖြောင့်မတ်ခြင်းအားဖြင့် ငါတို့နည်းတူ အဖိုးထိုက်သည့်ယုံကြည်ခြင်းကို ခံယူရရှိသောသူတို့ထံသို့ စာရေးလိုက်ပါ၏။