ထိုအရပ်၌ အဝေးမှကြည့်နေသောအမျိုးသမီးများလည်းရှိကြ၏။ သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်အငယ်နှင့်ယောသေတို့၏မိခင်ဖြစ်သောမာရိနှင့် ဆလိုမေတို့လည်းပါ၏။
တမန်တော်ဝတ္ထု 15:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ပြောဆိုပြီးသောအခါ ယာကုပ်က “ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြပါ။ Common Language Bible သူတို့ပြောဆိုပြီးသောအခါယာကုပ်က ``ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင် ကြပါ။- Garrad Bible အ ဆုံး ၌ ယာ ကုပ် က ညီ အစ် ကို တို့၊ ငါ့ စ ကား ကို ကြား နာ ကြ ကုန်၊ Judson Bible ထိုသူတို့သည် အကုန်အစင်ပြောဆိုပြီးမှ၊ ယာကုပ်က၊ ညီအစ်ကိုတို့၊ ငါ့စကားကို နားထောင်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ပြောဆိုကြပြီးနောက် ယာကုပ်က “ညီအစ်ကိုတို့… ကျွန်ုပ်စကားကို နားထောင်ကြလော့။ |
ထိုအရပ်၌ အဝေးမှကြည့်နေသောအမျိုးသမီးများလည်းရှိကြ၏။ သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်အငယ်နှင့်ယောသေတို့၏မိခင်ဖြစ်သောမာရိနှင့် ဆလိုမေတို့လည်းပါ၏။
ပေတရုသည် သူတို့ကို တိတ်ဆိတ်စွာနေကြရန်လက်ရိပ်ပြပြီး သခင်ဘုရားသည် မိမိအား ထောင်ထဲမှ မည်ကဲ့သို့ ထုတ်ဆောင်လာခဲ့သည်ကို သူတို့အား ပြောပြ၏။ ထို့နောက် “ဤအကြောင်းအရာများကို ယာကုပ်နှင့်ညီအစ်ကိုတို့အား ပြောပြကြလော့”ဟု ဆိုပြီးလျှင် အခြားအရပ်သို့ ထွက်ခွာသွားလေ၏။
ဘုရားသခင်သည် မိမိနာမတော်အတွက် လူမျိုးခြားတို့ထဲမှ လူမျိုးတော်ကိုရယူရန် သူတို့ထံ ဦးစွာအကြည့်အရှုကြွလာတော်မူကြောင်း ရှိမုန်က ပြောပြခဲ့ပြီ။
ထိုအခါ ပေတရုသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူမတ်တတ်ရပ်လျက် မိမိအသံကိုကျယ်စွာပြု၍ “ဂျူးအမျိုးသားများနှင့် ဂျေရုဆလင်မြို့၌ နေထိုင်ကြသောသူအပေါင်းတို့၊ ဤအရာကိုသင်တို့အား သိမှတ်စေလိုပါ၏။ ငါ့စကားကို သေချာစွာနားထောင်ကြလော့။
အစ္စရေးအမျိုးသားတို့၊ ဤစကားတို့ကိုနားထောင်ကြလော့။ သင်တို့သိကြသည့်အတိုင်း ဘုရားသခင်သည် နာဇရက်မြို့သားယေရှုအားဖြင့် သင်တို့အလယ်၌ အံ့ဩဖွယ်ရာများ၊ တန်ခိုးလက္ခဏာများနှင့် နိမိတ်လက္ခဏာများကိုပြုတော်မူ၏။ ဘုရားသခင်သည် ဤအရာများအားဖြင့် ယေရှုနှင့်ပတ်သက်သော ခိုင်မာသည့်အထောက်အထားများကို သင်တို့အားပြတော်မူ၏။
ညီအစ်ကိုတို့၊ မျိုးနွယ်စုဖခင်ဖြစ်သောဒါဝိဒ်နှင့်ပတ်သက်၍ သင်တို့အား ငါအတိအလင်းပြောဆိုနိုင်သည်မှာ သူသည်သေလွန်၍ သင်္ဂြိုဟ်ခြင်းကိုခံရပြီး သူ၏သင်္ချိုင်းဂူသည် ယနေ့တိုင်အောင် ငါတို့အရပ်၌ရှိ၏။
နောက်တစ်နေ့၌ ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့ဝင်လျှင် အသင်းတော်အကြီးအကဲအားလုံးတို့သည်လည်း ရောက်နေကြ၏။
“ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
သတေဖန်က “ညီအစ်ကိုတို့နှင့်အဖတို့၊ နားထောင်ကြပါ။ ငါတို့အဖအာဗြဟံသည် ခါရန်မြို့၌မနေထိုင်မီ မက်ဆိုပိုတေးမီးယားပြည်၌ရှိစဉ် ဘုန်းကြီးတော်မူသောဘုရားသခင်သည် သူ့အားထင်ရှားလျက်
သို့သော် အခြားမည်သည့်တမန်တော်ကိုမျှ ငါမတွေ့ခဲ့ဘဲ သခင်ဘုရား၏ညီတော်ယာကုပ်ကိုသာတွေ့ခဲ့၏။
အကြောင်းမူကား ယာကုပ်ထံမှ လူအချို့ရောက်မလာမီ သူသည် လူမျိုးခြားတို့နှင့်အတူစားသောက်၏။ သို့သော် သူတို့ရောက်လာသောအခါ အရေဖျားလှီးထားသောသူတို့ကိုကြောက်သဖြင့် တွန့်ဆုတ်၍ သီးခြားနေလေ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်၏ကျွန် ငါယာကုပ်သည် အရပ်ရပ်တို့၌ကွဲလွင့်ပျံ့နှံ့နေသော မျိုးနွယ်စုတစ်ဆယ့်နှစ်စုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။