အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
တမန်တော်ဝတ္ထု 13:35 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အခြားသောဆာလံကျမ်းတွင်လည်း ‘ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်’ဟု မိန့်ဆိုထား၏။ Garrad Bible အ ခြား သော အ ချက်၌ သီး သန့် ထား တော် မူ သော သူ့ ကို ပုပ် ပျက် ခြင်း နှင့် ကြုံ ကြိုက် စေ တော် မူ မည် မ ဟုတ် ဟူ၍ လည်း ကောင်း ဗျာ ဒိတ် ပေး တော် မူ၏။ Judson Bible ထိုကြောင့် ဆာလံကျမ်းတစ်ခန်း၌ လာသည်ကား၊ ကိုယ်တော်၏သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူဟု လာ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် အခြားဆာလံကျမ်းတွင်လည်း ‘ကိုယ်တော်၏သန့်ရှင်းသူကို ပုပ်ပျက်ခြင်းနှင့် ကြုံတွေ့စေတော်မူမည်မဟုတ်’ ဟု ဖော်ပြထား၏။ |
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၌ စွန့်ပစ်ထားတော်မူမည်မဟုတ်။ ကိုယ်တော်၏သန့်ရှင်းသူအား ပုပ်ပျက်ခြင်းနှင့်ကြုံတွေ့ခွင့်ပေးတော်မူမည်မဟုတ်။
သို့ဖြစ်၍ လူသည် ပုပ်ပျက်ခြင်းနှင့်မကြုံတွေ့ရဘဲ ထာဝရအသက်ရှင်နိုင်ရေးကို လုံးဝစွန့်လွှတ်ရ၏။
မည်သူသည် သေခြင်းကိုမမြင်ရဘဲ အသက်ရှင်နိုင်သနည်း။ မည်သူသည် မိမိ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံ၏တန်ခိုးမှ လွတ်မြောက်စေနိုင်သနည်း။(စေလာ)
ထာဝရဘုရား၏ခရစ်တော်ကိုမမြင်ရမီ သေခြင်းနှင့်မကြုံရဟူသောဗျာဒိတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရရှိထား၏။
သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ မည်သူမဆို ငါ့စကားကိုလိုက်နာစောင့်ထိန်းလျှင် ကာလအစဉ်အဆက် မည်သည့်အခါမျှ သေခြင်းနှင့်တွေ့ကြုံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းအားဖြင့် ဧနောက်သည် သေခြင်းနှင့်မကြုံတွေ့ရဘဲ ဘဝပြောင်းခွင့်ရ၏။ ဘုရားသခင်သည် သူ့အားဘဝပြောင်းစေတော်မူသောကြောင့် သူ့ကိုမတွေ့ရကြတော့ချေ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်ကြောင်း အသိအမှတ်ပြုခြင်းကိုခံရ၏။