ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
တမန်တော်ဝတ္ထု 13:18 - မြန်မာ့စံမီသမ္မာကျမ်း အနှစ်လေးဆယ်ခန့်မျှသောကာလပတ်လုံး တောကန္တာရတွင် သူတို့ကို သည်းခံတော်မူ၏။ Common Language Bible တောကန္တာရတွင်အနှစ်လေးဆယ်ပတ်လုံး သူတို့အားသည်းခံတော်မူ၏။- Garrad Bible သဲ တော၌ နှစ် ပေါင်း လေး ဆယ် အ တွင်း သူ တို့ အ ကျင့် ဓ လေ့ ကို သည်း ခံ တော် မူ၏။ Judson Bible အနှစ်လေးဆယ်မျှလောက်သော ကာလပတ်လုံး တော၌ ကျွေးမွေးတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တောကန္တာရ၌ အနှစ်လေးဆယ်ကာလခန့် ထိုသူတို့အား စောင့်ရှောက်တော်မူ၏။ |
ကိုယ်တော်သည် သူတို့အားနှစ်ပေါင်းများစွာသည်းခံတော်မူ၍ ကိုယ်တော်၏ဝိညာဉ်တော်ခံရသော ပရောဖက်များအားဖြင့် သူတို့ကို သတိပေးသော်လည်း ဂရုမစိုက်ကြသောကြောင့် သူတို့ကို ဤပြည်ရှိ လူမျိုးခြားတို့လက်သို့ အပ်လိုက်တော်မူ၏။
ထိုတောကန္တာရထဲ၌ အစ္စရေးအမျိုးသားလူထုအပေါင်းတို့သည် မောရှေနှင့်အာရုန်တို့ထံသို့လာ၍
အစ္စရေးအမျိုးသားတို့သည် သူတို့အခြေချနေထိုင်မည့်ပြည်သို့မရောက်မချင်း အနှစ်လေးဆယ်ပတ်လုံး မန္နမုန့်ကိုစားကြ၏။ သူတို့သည် ခါနာန်ပြည်နယ်နိမိတ်သို့မရောက်မချင်း မန္နမုန့်ကိုစားကြ၏။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
သူသည် အစ္စရေးလူမျိုးတို့ကိုထုတ်ဆောင်လာ၍ အီဂျစ်ပြည်၌လည်းကောင်း၊ ပင်လယ်နီ၌လည်းကောင်း၊ အနှစ်လေးဆယ်တိုင်တိုင် တောကန္တာရ၌လည်းကောင်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကိုပြုခဲ့၏။
ဤအရပ်သို့ သင်တို့ရောက်သည့်တိုင်အောင် သင်တို့သွားသည့်လမ်းခရီးတစ်လျှောက်တွင် ဖခင်သည် သားကိုချီပိုးသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို မည်ကဲ့သို့ချီပိုးတော်မူခဲ့ကြောင်းကို တောကန္တာရ၌သင်တို့တွေ့မြင်ခဲ့ရသကဲ့သို့ ထာဝရဘုရားသည် သင်တို့အဖို့ စစ်တိုက်တော်မူလိမ့်မည်’ဟု ဆို၏။
သင်သည် တောကန္တာရ၌ သင်၏ဘုရားသခင်ထာဝရဘုရားကို မည်သို့အမျက်ထွက်စေခဲ့သည်ကို အောက်မေ့လော့။ မမေ့လျော့နှင့်။ သင်တို့သည် အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ဤအရပ်သို့ရောက်သည့်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ခဲ့ကြ၏။