သူသည် တရားစီရင်ခြင်းခံရသောအခါ သူ၌အပြစ်ရှိကြောင်းထင်ရှားပါစေ။ သူ၏ဆုတောင်းခြင်းသည်လည်း အပြစ်ဖြစ်ပါစေ။
တမန်တော်ဝတ္ထု 1:25 - မြန်မာ့စံမီသမ္မာကျမ်း ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။ Judson Bible လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှာ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံစေခြင်းငှာ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊- |
သူသည် တရားစီရင်ခြင်းခံရသောအခါ သူ၌အပြစ်ရှိကြောင်းထင်ရှားပါစေ။ သူ၏ဆုတောင်းခြင်းသည်လည်း အပြစ်ဖြစ်ပါစေ။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
လူ့သားသည် မိမိနှင့်ပတ်သက်၍ ရေးထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် လူ့သားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မမွေးဖွားလာခဲ့လျှင် သူ့အတွက် သာ၍ကောင်းပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုမုန့်တစ်ဖဲ့ကိုခံယူပြီးသောအခါ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ထို့ကြောင့် ယေရှုသည် ယုဒအား“သင်ပြုနေသည့်အမှုကို အမြန်ပြုလော့”ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် သူတို့နှင့်အတူရှိစဉ်တွင် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသော ကိုယ်တော်၏နာမတော်၌ သူတို့ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့ပါ၏။ သူတို့တွင် ပျက်စီးခြင်း၏သားမှတစ်ပါး မည်သူမျှမပျက်စီးခဲ့ပါ။ ထိုသူပျက်စီးခဲ့ရခြင်းမှာ ကျမ်းစာပြည့်စုံစေရန်ဖြစ်၏။
ထိုသခင်၏နာမတော်အတွက် လူမျိုးအပေါင်းတို့ထဲတွင် ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် ကျေးဇူးတော်ကိုလည်းကောင်း၊ တမန်တော်ဖြစ်ခြင်းအခွင့်ကိုလည်းကောင်း ကိုယ်တော်အားဖြင့် ငါတို့ရရှိကြ၏။
အခြားသောသူတို့အတွက် ငါသည် တမန်တော်မဖြစ်ခဲ့လျှင်ပင် သင်တို့အတွက်မူကား ငါသည် တမန်တော်ဖြစ်၏။ အကြောင်းမူကား သင်တို့သည် သခင်ဘုရား၌ ငါ၏တမန်တော်ဖြစ်ခြင်း၏တံဆိပ်ဖြစ်ကြ၏။
အကြောင်းမူကား အရေဖျားလှီးထားသောသူတို့၏တမန်တော်ဖြစ်စေရန် ပေတရုအထဲ၌ စီမံလုပ်ဆောင်တော်မူသောအရှင်သည် လူမျိုးခြားတို့၏တမန်တော်ဖြစ်စေရန် ငါ့အထဲ၌လည်း စီမံလုပ်ဆောင်တော်မူ၏။