သူသည် ငွေကို မြေမှုန့်ကဲ့သို့ ပုံထားနိုင်သော်လည်း၊ အဝတ်အစားကို ရွှံ့ကဲ့သို့ စုပုံထားနိုင်သော်လည်း
ဇေဖနိ 1:11 - မြန်မာ့စံမီသမ္မာကျမ်း ကုန်သည်အပေါင်းတို့ကို သုတ်သင်၍ ငွေချိန်သူအပေါင်းတို့ကို ဖယ်ရှားပစ်မည်ဖြစ်သောကြောင့် အို မတ္တေရှအရပ်သားတို့၊ ညည်းတွားကြလော့။ Common Language Bible မြို့အနိမ့်ပိုင်းတွင်နေထိုင်သူတို့ငိုကြွေး ကြလော့။ ကုန်သည်ကြီးများသည်သေဆုံး ကြတော့မည်။ Garrad Bible အို ဈေး တန်း သား တို့၊ ကုန် သည် ရှိ သ မျှ သည် သုတ် သင် ခြင်း၊ ပွဲ စား ရှိ သ မျှ လည်း ပယ် ရှား ခြင်း ခံ ရ သော ကြောင့်၊ အော် ကြ လော့။ Judson Bible မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကိုဆောင်သောသူ အပေါင်းတို့သည် ဆုံးကြပြီ။ |
သူသည် ငွေကို မြေမှုန့်ကဲ့သို့ ပုံထားနိုင်သော်လည်း၊ အဝတ်အစားကို ရွှံ့ကဲ့သို့ စုပုံထားနိုင်သော်လည်း
သူ့အဝတ်ပုံကို ဖြောင့်မတ်သူက ဝတ်ဆင်၍ သူ့ငွေကို အပြစ်မဲ့သူတို့က ခွဲဝေယူလိမ့်မည်။
အို သိုးထိန်းတို့၊ ညည်းတွားငိုကြွေးကြလော့။ အော်ဟစ်ကြလော့။ အို သိုးစုခေါင်းဆောင်တို့၊ ပြာ၌လူးကြလော့။ သင်တို့ကိုသတ်ဖြတ်မည့်နေ့ရက်၊ တကွဲတပြားဖြစ်စေမည့်နေ့ရက် ရောက်လာပြီ။ အဖိုးတန်ပစ္စည်းပျက်စီးသကဲ့သို့ သင်တို့ပျက်စီးကြလိမ့်မည်။
ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။
‘အချင်းလူသား၊ ငိုကြွေးမြည်တမ်းလော့။ အကြောင်းမှာ ဓားသည် ငါ့လူမျိုးတော်ကို တိုက်ခိုက်လေပြီ။ အစ္စရေးခေါင်းဆောင်တို့ကို တိုက်ခိုက်လေပြီ။ သူတို့သည် ငါ့လူမျိုးတော်နှင့်အတူ ဓားလက်သို့ကျရောက်သည်ဖြစ်၍ ရင်ဘတ်စည်တီးလော့။
ပျက်စီးခြင်းဘေးကြောင့် သူတို့ထွက်ပြေးသော်လည်း အီဂျစ်ပြည်သည် သူတို့ကိုစုသိမ်းလိမ့်မည်။ မင်ဖိမြို့သည် သူတို့ကိုသင်္ဂြိုဟ်လိမ့်မည်။ သူတို့တန်ဖိုးထားသောငွေတို့ကို ဖက်ယားပင် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏တဲများကိုလည်း ဆူးပင်ဖုံးလွှမ်းသွားလိမ့်မည်။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
သေသောက်ကြူးသူတို့၊ ထ၍ငိုကြွေးကြလော့။ စပျစ်ဝိုင်သောက်သူတို့၊ စပျစ်ဝိုင်သစ်ကြောင့် ညည်းတွားကြလော့။ အကြောင်းမူကား သင်တို့နှုတ်သည် စပျစ်ဝိုင်သစ်ကို တို့ထိခွင့်ရတော့မည်မဟုတ်။
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
ဂျေရုဆလင်မြို့မှစ၍ ယုဒပြည်၌ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍ ထိုအိုးတို့ကို ယူပြီး ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့ရက်တွင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ ခါနာန်လူမျိုးဟူ၍ ရှိတော့မည်မဟုတ်။
ချိုးငှက်များကိုရောင်းနေသောသူတို့အားလည်း“ဤဥစ္စာများကို ဤနေရာမှယူသွားကြလော့။ ငါ့ခမည်းတော်၏အိမ်တော်ကို ဈေးရုံမဖြစ်စေကြနှင့်”ဟု မိန့်တော်မူ၏။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။