ကိုယ်တော်၏အစေအပါး ပရောဖက်တို့က နာမတော်ကိုအမှီပြု၍ အကျွန်ုပ်တို့၏ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ကို အကျွန်ုပ်တို့ နားမထောင်ခဲ့ပါ။
ဇာခရိ 7:8 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါဇာခရိထံသို့ရောက်လာပြန်၍ Common Language Bible ထာဝရဘုရားသည်ဇာခရိအား ဤသို့ ဗျာဒိတ်ပေးတော်မူ၏။- Garrad Bible ငါ ဇာ ခ ရိ သို့ ရောက် ပြန် သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ Judson Bible ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဇာခရိသို့ ရောက်လာသည်ကား၊ |
ကိုယ်တော်၏အစေအပါး ပရောဖက်တို့က နာမတော်ကိုအမှီပြု၍ အကျွန်ုပ်တို့၏ဘုရင်များ၊ အကြီးအကဲများ၊ ဘိုးဘေးများမှစ၍ ပြည်သူပြည်သားတို့အား ဟောပြောခဲ့သည်ကို အကျွန်ုပ်တို့ နားမထောင်ခဲ့ပါ။
ဂျေရုဆလင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့ရွာများ၌ လူအများစိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ကြရစဉ်က၊ နေဂေ့အရပ်နှင့်မြေနိမ့်ဒေသတွင် လူသူနေထိုင်သေးစဉ်က ထာဝရဘုရားသည် ရှေးပရောဖက်တို့မှတစ်ဆင့် ဤစကားတို့ကိုမိန့်တော်မူခဲ့ရသည် မဟုတ်လော’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အမှန်ကို အမှန်အတိုင်းစီရင်ဆုံးဖြတ်ကြလော့။ တစ်ဦးကိုတစ်ဦး မေတ္တာကရုဏာ ပြကြလော့။ သနားစုံမက်ကြလော့။