ဇာခရိ 5:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ခဲနှင့်လုပ်ထားသောအဖုံးကို ဖွင့်လိုက်သောအခါ မိန်းမတစ်ယောက် ဧဖာထဲတွင် ထိုင်နေသည်ကို တွေ့ရ၏။ Common Language Bible ထိုခြင်းတောင်းတွင်ခဲဖြင့်ပြီးသောအဖုံး တစ်ခုရှိ၏။ ထိုအဖုံးသည်ငါကြည့်လျက် နေစဉ်၌ပင်ပွင့်၍လာလေသည်။ ခြင်းတောင်း ထဲတွင်အမျိုးသမီးတစ်ယောက်ထိုင်လျက် နေပါသည်တကား။ Garrad Bible ခဲ ပြား ဖုံး ကို မြှောက် ဖွင့် ပြီး လျှင် တင်း တောင်း အ တွင်း မိန်း မ တစ် ယောက် ထိုင် နေ သည် ကို ပြ သော်၊ Judson Bible ခဲအခွက်တစ်ဆယ်ကိုလည်း အထက်သို့ ချီမြှောက်၍ မိန်းမတစ်ယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။ |
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။
မုရတုပင်တို့အလယ်၌ရပ်နေသောသူက “ဤအရာများကား ကမ္ဘာမြေပေါ်သို့သွား၍ လှည့်လည်ကြည့်ရှုရန် ထာဝရဘုရားစေလွှတ်လိုက်သောသူများဖြစ်သည်”ဟု ဆို၏။
ငါကလည်း “ထိုအရာကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်သော် သူက “လွင့်မျောနေသောဧဖာဖြစ်၍ တစ်ပြည်လုံးကျူးလွန်သောအပြစ်ကို ပုံဖော်၏”ဟု ဆိုလေ၏။
သူကလည်း “ဤသည်ကား ဆိုးယုတ်မှုဖြစ်၏”ဟု ဆိုလျက် ဧဖာထဲသို့ တွန်းထည့်ပြီးလျှင် ဧဖာအဝကို ခဲနှင့်လုပ်ထားသောအဖုံးဖြင့် ဖုံးအုပ်လိုက်လေ၏။