အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဇာ​ခ​ရိ 14:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြင်း​၊ လား​၊ ကုလားအုတ်​၊ မြည်း​နှင့် တပ်စခန်း​များ​ရှိ တိရစ္ဆာန်​ရှိသမျှ​တို့​တွင်​လည်း အလားတူ ကပ်ရောဂါ​မျိုး​ကျရောက်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရန်​သူ​တပ်​စ​ခန်း​မှ​မြင်း၊ ကု​လား​အုတ်၊ မြည်း အ​စ​ရှိ​သည့်​တိ​ရစ္ဆာန်​အ​ပေါင်း​တို့​အ​ပေါ် သို့​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သည့်​အ​နာ ရော​ဂါ​ဘေး​ကျ​ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ရန် ဘက် တပ် များ ရှိ မြင်း၊ လား၊ ကု လား အုပ်၊ မြည်း မှ စ သော တိ ရ စ္ဆာန် အ ပေါင်း တို့ ခံ ရ သော ဘေး ဒဏ် သည်၊ ထို အ တိုင်း ဖြစ် လိမ့် သ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

မြင်း၊ လား၊ ကု​လား​အုတ်၊ မြည်း​မှ​စ၍ ရန်​သူ​တပ်​တွင် ရှိ​သ​မျှ​သော တိ​ရ​စ္ဆာန်​တို့၌​ပေး​သော​ဘေး​ဒဏ်​သည်၊ အ​ထက်​ဆို​ခဲ့​ပြီး​သော ဘေး​ဒဏ်​နှင့် တူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ဇာ​ခ​ရိ 14:15
2 ပူးပေါင်းရင်းမြစ်များ  

ဂျေရုဆလင်​မြို့​ကို တိုက်ခိုက်​သော​လူမျိုး​အပေါင်း​တို့​အား ထာဝရဘုရား​ဒဏ်ခတ်​မည့်​ကပ်ရောဂါ​ကား သူ​တို့​သည် ခြေစုံရပ်​လျက်​နေ​စဉ်ပင် အသားအရေ​ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​မျက်စိ​သည်​လည်း မျက်လုံးအိမ်​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။ သူ​တို့​၏​လျှာ​သည်​လည်း ခံတွင်း​ထဲ၌ပင် ပုပ်ပျက်​သွား​လိမ့်မည်​။


အီဂျစ်​လူမျိုး​တို့​ပင်လျှင် မ​လာရောက်​မ​ပါဝင်​လျှင် သူ​တို့​အဖို့ မိုးရွာ​မည်​မ​ဟုတ်​။ ယာယီတဲစု​ပွဲတော်​ကို​ကျင်းပ​ရန် မ​လာ​မ​ရောက်​သော​လူမျိုး​တို့​သည်​လည်း ထာဝရဘုရား​ဒဏ်ခတ်​တော်မူ​သော​ကပ်ရောဂါ​ကို ခံရ​ကြ​လိမ့်မည်​။